Autobiography of Death 24

Autopsy

(၂၄ ရက်​မြောက်နိ)

ညီမ​ချေ ငိုနီ​ရေ အကိုသည် ငိုနီ​ရေ
နင့်အလှည့်မကျသိပဲနန့် ဇာအတွက်နန့် နင်ထွက်လားခ​လေ

နင့်အခန်းမှာ ဆိုဂျူး နှစ်ပုလင်း အိပ်ဆီး တဗူး
ငါ့လိုင်​ခြောင်းက နာလို့ ဆီးလုံးတိကို မျိုလို့မကျ*
ယင်းအတွက်နန့် ငါ အိပ်လို့မရ​စော်
ငါ ​သောက်လာတိုင်း အမိကို သတ်​တေ ညီမကို သတ်​တေ အကိုကို သတ်​တေ
အိပ်ဆီးတိ​သောက်ထား​ကေ​တောင်
နာ​ရေ နာ​ရေ နာ​ရေ
ကလဲ့စား ကလဲ့စား ကလဲ့စား
အိပ်ရာမှာ​တောင် ငါ မျက်ဖြူလှန်နီ​ရေ

လှံစွပ်တပ်ထား​ရေ သနတ်တိနန့် အပြာ​ရောင် ၀တ်စုံ၀တ် စစ်သားတိ ငါ့ပဆို့​အောက်မှာ ချီတက်နီကတ်​တေ
ရဲရဲ​တောက်မျက်လုံးတိ ငါ့​ပေါင်ခြံတ၀ိုက်မှာ လိမ့်နီကတ်​တေ
ငါ့လက်​မောင်းအကျိူးကိုစည်းထား​ရေ ​ကျောက်ပတ်တီးထဲမှာ စစ်သားတိ​​ငေါက်သံ နီနီ​ရေ

သူရို့ ငါ့ကို သီပါ​အောင်သတ်ကတ်​တေ
သူရို့ ငါ့ကို သီပါ​အောင် ထိုးကတ်​တေ

​ယေ​​လေ့ ခု ငိုနီ​ရေလူတိက သူရို့ရာ
ငါအမိ ငိုရေ ငါ့ ညီမငိုရေ ငါ့အကို ငိုရေ ငါ့သားငိုရေ
ငါ အိမ်မက်က နိုးလာပနာ အိပ်ရာက ထလိုက်​တေ
အိမ်ရှိခန်းမှာ ငါ့အမိ ညီမ အကို ငိုနီ​စော်ကို ငါ ကြား​ရေ

ငါသီပျာလ်လို့ သူရို့ကပြောကတ်တေ

Kim Hyesoon

  • ၁၉၈၀ ဂွမ်ဂျူးအ​ရေးအခင်းမှာ ဖမ်းစစ်ခံရ​ရေ လူတိ ​ပြောကတ်​တေ စကားလို့ ဆို​ရေ
    အစစ်ခံရ​ရေလူတိကို သု​တေသနလုပ်ထား​ရေ စာတမ်းတခုက ယူသုံးထား​စော်ဆို​ရေ
    FrAutobiographyOfDeathKimHyesoon

Leave a Comment