
ရီသူမအားလုံးက ဇာအတွက်နန့် အမ ဖြစ်ရစော်လေ
ငါ့ဖာသာငါ ကြမ်းထက်မှာ ဖားစင်းမှောက်ပနာ ငါ့ အရိပ်ကို နမ်းရေ
အရိပ်နားရွက်ကို ပဲ့ပါအောင် ငါကိုက်တေ
ငါ့အရိပ်မှာမျက်စိတိ အရောင်တောက်ပါလတ်တေ
ရီတခါချေပင်လေ့ မချိုးဖူးရေ ကုလားအုတ်ပိုင် လူတယောက်
ငါ့အထက်ဝါမှာ ပုန်းနီရေ
ငါ့ကို ရီအနက်ထဲ ဆွဲချပနာ ချင်ရာလားနီရေ
ငါးမန်းပိုင် အသားအမဲနန့် လူတယောက်
ငါ့အောက်ဝါမှာ ပုန်းနီရေ
ငါက ရှိကျရေ လူမျိုးဘားမှာ တပိုင်း အစားခံထားရရေ မိန်းမတယောက်
သူရို့လက်ထဲမှာ စူးကြာပွတ်တိနန့်
ယေနန့် ငါ့နွမ်းနီရေ မျက်နှာမှာ
ကုဘားအုတ်မျက်စိက ပွင့်လျက်၊ ပြူးထွက်နီရေ
ငါ့နောက်ဘ၀ ခန္ဓါကို အတွက်မရ ငေးကြည့်နီရ
လုံးကြီးပေါက်လှ သဲတောင်ကုန်း အမို့အမောက်
မမွီးသိရေ အချေတိ လက်သည်းခွံနန့်တူရေ
စူးတတ်တေ ငါးအကြီးခွံတရာ
ငါ့ ခြီမျက်စိနားမှာ စူးနီရေ
ယင်းအစူးတိက တခါပင်လေ့ ပြုတ်မကျ
တယောက်က ငါ့လက်တိကို လှုပ်တေ ပြီးကေ သဲကန္တာရ အ၀ီးကြီးကိုလားစီချင်ရေ
တယောက်က ငါ့ခြီတိကို ချိုင်ထားပနာ သမုဒ္ဒရာ အ၀ီးကြီးကို လားစီချင်ရေ
ငါ့လက်ညိုးတိမခဲခင် ငါ့လျှာနွီးနွီးက အယင်ခဲလားခရေ
ငါ တတုန်တတုန်နန့်ပြောရေ
‘ချမ်းရေ ချမ်းရေ’
ဓမ္မတာ နာကျင်မှုက ငါအောက်ဝါကို အသဲအသန် ပတ်ထားရေ
‘နာရေ နာရေ’
ငါ့ခန္ဓါကို ငါ တွန့်လိုက်တေ
တ၀က်က ကန္တာရမှာ ပိတ်မိနီပနာ
အရာတ၀က်က သမုဒ္ဒရာမှာ
ငါ့အရိပ်နားရွက်ကို ငါကိုက်တေ
ငါ့အထဲမှာ ငါ တရက်လုံး ရီကူးနီရေ
ရီသူမအားလုံးက ဇာအတွက်နန့် အမ ဖြစ်ရစော်လေ
သူရို့စော်နန့် သူရို့ မျိုးပွားကတ်လာ
ကင်ဟီဆွန်း
Why are all mermaids female? Kim Hyesoon