
ယင်းတယောက်
နင့်အချေမှာ နာမည်မဟိ
နင့်ဆံပင်မှာ အရောင်မဟိ
နင့်မျက်နှာမှာ အသားမဟိ
နင့်တိုင်းပြည်မှာ အလံဆယ်လံ
နင့်အသံမှာ လျှာမဟိ
နင့်စိတ်ကူးတိက မြွီပိုင် လျှောလားနီရေ
နင့်မျက်လုံးတိက မလိုက်
နင်က ပန်းစည်းတိကို စားရေ
ထရံကြားမှာ သီးပေါက်တေ
ခွီးတိကို အဆိပ်လူးထားရေ အမဲသားဝေးကျွေးရေ
လက်ကြားတိထဲမှာ တင်းပုတ်တလက်နန့်ယောင်နီရေ နင့်ကို ငါမြင်ရေ
ဇာသူ့ကိုမဆို ထိုးဖို့ ဓါးတလက်နန့် နင့်ကို ငါ မြင်ရေ
နှလုံးသားတခုအတွက် ငါးခေါင်း လည်ရောင်းနီရေ နင့်ကို ငါမြင်ရေ
မီးဆွဲတံကုဋေကုဋာ မီးတောက်တိနန့်
နီပြင်းနီချိန်
နောက်ဆုံးပေါ် တေးခြင်းတပိုဒ်ကို ညီးပနာ
လက်ထဲမှာ အရက်တခွက်ကိုင်လို့
စားဖိုခန်းကနီ နင်လမ်းလျှောက်လို့ ဝင်လတ်ဖို့
အနီရောင်အဝတ်ကျပ်ကျပ်ကို ဝတ်ပနာ ငါ့ကို ပြုံးပြယက်ပင်းယေ
သာမန်တော့ခါမဟုတ်
ချာလ်စ်ဘူကော့စကီ
That One Charles Bukowski