Book of Questions

Pablo Neruda

နရူဒါပဉှာ

XI

ငါရို့ စကားပြောပြီးလားခကတ်ခါ
အရာလူတိက ဇာလောက်ကြာအောင် ဆက်ပြောနီကတ်ဖို့သိရောင်။

စာအုပ်ကြီး မာရီနယ်လို အကြောင်းကို
ဟိုဆေး မာတီက ဇာပြောဖို့ရောင်။

နိုဗန်ဘာက အသက် ဇာလောက်ဟိယာရောင်။

ဖေ့သာအဝါရောင်တိ အများကြီးကို
ဇာချင့်အတွက် ဆောင်းဦးက ဆက်ပီးနီသိစော်ရောင်။

ဗော်ဒကာနန့် လိုက်တိန်းဘော့နန့် စပ်ထားရေ ကော့တေးနာမည်က ဇာရောင်။

XII

ပြီးကေ အတိုင်းအဆမဟိများရေ သွားဖြူဖြူတိနန့်
ဆန်စပါးက အသူ့ကို ပြုံးပြနီစော်ရောင်။

အမိုက်မှောင်ဆုံး ခေတ်ကာလတိမှာ
ဇာကျေးဇူး​နန့် မမြင်ရရေမှင်နန့် သူရို့စာရီးကတ်စော်ရောင်။

ကာရာကတ်စ်က အလှမချေက
နှင်းဆီမှာ ထမီဇာနှစ်ထည်ဟိလေ သိပါလီယင့်လား။

ဖြုတ်ချေတိနန့် စာပီကန်ပေတိုင်တိက
ဇာကျေးဇူးနန့် ငါ့ကို ကိုက်ကတ်စော်ရောင်။

XIII

လုံးကြီး​ပေါက်လှ မိ​ကျောင်းတိက
ဩစ​တြေးလျားမှာရာ နီ​ရေဆို​စော်အမှန်လာ။

လိ​မ္မော်ပင်ကနီ​ရောင်ကို
လိ​မ္မော်သီးတိက ဇာပိုင် ဝီကတ်​လေ။

ဆားမှာသွားတိက
ခါးခါးသက်သက်ပါးစပ်​ပေါက်က ထွက်လာလတ်​စော်လာ။

ဠင်းတအမဲတ​ကောင်
ငါ့နိုင်ငံထက်က ညဥ့်ခါသား ပျံလားခ​ရေဆို​စော် အမှန်လာ။

XIV

ပြီးကေ သလဲသီးဖျော်ရည်ရှိမှာ ရပ်ပနာ
ပတ္တမြားက ဇာပြောခရောင်။

သောကြာပြီးခါမှာလာဖို့လို့
ဇာကျေးဇူးနန့် ကြာသပတီးက သူစော်သူ မပြောစော်ရောင်။

အရောင်အပြာ မွီးဖွားလာလတ်တေခါ
ပျော်ကြီးဝမ်းသာနန့် အော်စော် အသူရောင်။

ဗိုင်အိုလတ်ပန်းတိ ပေါ်လတ်ကတ်ခါ
ဇာကျေးဇူးနန့် ကမ္ဘာက ဝမ်းနည်းရစော်ရောင်။

XV

ယကေလေ့ ဂင်ဇီဖရာတိက ​
တော်လှန်ဖို့ ပျင်နီကတ်​တေဆို​စော် အမှန်လာ။

သူ့ အဝတ်အစားအစိမ်းတိကို
ဇာကျေးဇူးနန့် နွီဦးရာသီက အရာတခါ ပြန်ပီးရ​စော်​​ရောင်။

အာကာမျက်ရည်​ဖျော့​ဖျော့​ချေတိကို
ဇာကျေးဇူးနန့် စိုက်​ရေးပျိုးရေးက ရယ်ရစော်​ရောင်။

အ​ဝေးခံထားရ​ရေ စက်သီးက
သူ့လွတ်လပ်မှုကို ဇာပိုင် ရလားခ​စော်​​ရောင်။

XVI

ဆားနန့်သကြားက မျှော်စင်ဖြူ တစင်ဆောက်ဖို့
အလုပ်လုပ်ကတ်လာ။

ခြတောင်ပို့တခုမှာ
အိမ်မက်တိက တာဝန်တရပ်ဆိုစော် အမှန်လာ။

ဆောင်းဦးပေါက်မှာ ကမ္ဘာက ဇာကို အာရုံစိုက်နီလေဆိုစော်ကို
နင်သိလာ။

ပထမဆုံး ရွှီသစ်ရွက်ချေကို
ဇာကျေးဇူးနန့် ဆုတံဆိပ်တခု မပီးပဲ နီကတ်ဖို့ရောင်။

XVII

ဆောင်းဦးရာသီက နွားအဝါမတကောင်နန့် တူစော်ကို
နင် သတိထားမိလာ။

ပြီးကေ နောက်ခါ ဆောင်းဦးတိရစ္ဆာန်က
အရိုးစုမဲမဲတစုံ ဖြစ်လားခစော်ကိုဝေါ်။

ပြီးကေ ဆောင်းနှောင်းရာသီက
အပြာရောင်အလွှာတိအများကို ဇာပိုင် စုလီရောင်။

လီကောင်းလီသန့် နိုင်ငံတော်ကို
နွီဦးပေါက်ဘားက အသူ တောင်းလီခရောင်။

XVIII

အသီးခိုင်၏ ပါတီပေါ်လစီကို
စပျစ်သီးက ဇာပိုင်သိလာကတ်စော်ရောင်။

ပြီးကေ ပေလျာကန်ထားလိုက်ဖို့နန့် တော်ကောက်ဖို့မှာ
ဇာချင့်က ပိုခက်လေ နင်သိလာ။

ငရဲပြည်မဟိပဲနန့် နီရစော်က ဆိုးပါရေ။
ငါရို့( ငရဲပြည်ကို)ပြန်တည်ဆောက်လို့ မရနိုင်လာ။

ပြီးကေ ဝမ်းနည်းနီရေ နိဆန်*ကို
သံမီးဖိုထက်မှာ ဖင်ထိုင်ခိုင်းထားလို့ မရနိုင်လာ။

မြောက်အမေရိက နပမ်း**ဆီနန့်
မီးအနည်းနန့် သူ့ကို ကင်လို့ မရနိုင်လား။

  • Nixon အမေရိကန်သမ္မတ
    ** Napalm ဗီယက်နမ်မှာ ချရေ မီးလောင်ဗုံးတိမှာ သုံးရေ ဆီတမျိုး

XIX

​ပြောင်းခင်းထဲက ​ရွှေကို
သူရို့ ရွီပြီးကတ်ယာလာ။

ပါတာဂိုးနီးယားမှာ မွန်းတည့်ချိန်ဆို​ကေ
မြူတိက အစိမ်း​ရောင်ဆို​စော်ကို သိလား။

လူမ​ရောက်သျှင်မ​ရောက် ဆားရီအိုင်က
အနက်ဆုံးရီအောက်မှာတေးခြင်းဆိုစော်နီ​ အသူရောင်။

အသတ်ခံရ​ရေ အချိန်မှာ
ဖရဲသီးက ဇာကို ရယ်​စော်​ရောင်။

XX

ပယင်းကျောက်မှာ ရီသူမရို့မျက်ရည်စက်တိ
ပါရေဆိုစော် အမှန်လာ။

ငှက်တကောင်ကနီ နောက်တကောင်ဘားကို
ပျံကူးနီရေ ပန်းတပွင့်ကို သူရို့ ဇာခေါ်ကတ်ရောင်။

နောက်ကျစော်ထက် “တခါလေ့သင့်”က ပိုမကောင်းလား။

ပြီးကေ ပြင်သစ်မှာ သူရဲကောင်းအလုပ်တိလုပ်ဖို့
ဇာကျေးဇူးနန့် ချိစ်က ဆုံးဖြတ်ခစော်ရောင်။

Leave a Comment