ဆီလဗီယာ ပလာ့သ် ၁

ဆက်သားတိ

အရွက်တရွက်ပျာလာထက်က ပက်ကျိတကောင်၏ စကားလုံးလား။
ယင်းချင့် အကျွန့်စော်မဟုတ်ပါ။ ယင်းချင့်ကို လက်မခံလိုက်ပါကေ့။

အလုံပိတ်ထားရေ သံဗူးထဲက အတ်ဆိတိတ် အတ်ဆိလား။
ယင်းချင့်ကို လက်မခံလိုက်ပါကေ့။ ယင်းချင့်က အစစ်အမှန်မဟုတ်ပါ။

နီကိုကွင်းထားရေ ရွှီလက်စွပ်တကွင်းလား။
အလိမ်အဝါတိ။ အလိမ်အဝါတိနန့် ဝမ်းနည်းရစော်တခု။

အရွက်တရွက်အထက်က နှင်း၊အပြစ်အနာအဆာမဟိရေ အိုးကြီး ၊ကိုယ့်ဖို့နန့်ကိုယ် စကားပြောနီ

တခြွတ်ခြွတ်မြည်နီလီယင့်
အမဲရောင် အဲလ်ပ်တောင်ကိုးလုံး ထိပ်တခုစီမှာ။

မှန်တိထဲက အနှောင့်အယှက်တခု
သူ့အပိုင် မှန်ပြာပြာဟောက်ဟောက်ကို ခွဲချ ပလိုက်တေ ပင်လယ်

အချစ်၊အချစ် ၊အကျွန့် ရာသီဥတု။

The Couriers by Sylvia Plath

ရွန်ပတ်ဂျပ် ၁၂

ပြီးပြည့်စုံအောင် ဇောင်ပိုင်ပျင်

အားနှုန်း​စော်က ပြီးပြည့်စုံ​ပါ​ရေ​ဝေ သူငယ်ချင်း
ကီ​ရောက် (Kerouac a Beatnik)

ဆကေ အိပ်။

အကြံအဉာဏ်မပီးကေ့။

နင့်သွားနန့် သွားဖုံးတိကို ဂရုစိုက်။

နင်ထိန်းနိုင်ဆီထက် ကျော်နီစော် တခုကိုလေ့ မကြောက်ကေ့။ဥပမာ နင်အိပ်နီစိုင် အဆောက်အဦပြိုလားလိမေ နင်ချစ်တေ တယောက်ယောက် ရုတ်တရက် သီကျလားလိမေလို့ မကြောက်ကေ့။

မိုးထတိုင်း လိမ္မော်သီး တလုံးစီစား။

ခင်ခင်မင်မင်နီ၊ယင်းချင့်က နင့်ကို ပျော်အောင် ကူပီးလိမေ။

နင်ခြီရေ ဇာချင့်ကို မဆိုလုပ်ပနာ တပတ်မှာ ၄ ၅ ခါလောက် မီနိ ၂၀ဆက်တိုက် တမိနီမှာ နှလုံးခုန်နှုန်းအချက် ၁၂၀ထိတက်အောင်ပျင်။

အားလုံးကို ဖြစ်စီချင်ရေလို့ မျှော်လင့်၊ တခုကိုလေ့ ဖြစ်လီဖို့လို့ မမျှော်လင့်ကေ့။

အိမ်နန့်နီးစပ်စော်တိကို အယင်ဂရုစိုက်။ ကမ္ဘာကို မကယ်ခင် နင့်အခန်းကို အယင်ပျင်၊ ပြီးမှ ကမ္ဘာကိုကယ်။

ပြီးပြည့်စုံချင်ရေ ဆန္ဒစော် အရာဆန္ဒတခုကို ပုဝါကွယ်ပနာ ဖော်ပြစော်လေ့ ဖြစ်နိုင်ရေဆိုစော်ကို သိထား၊ အချစ်ခံချင်စော် ဖြစ်ချင်ဖြစ်ဖို့ မသီချင်စော် ဖြစ်ချင်ဖြစ်ဖို့။

အပင်တပင်နန့် မျက်လုံချင်းဆုံကြည့်။

အယူအဆအားလုံးကို သံသယထား၊ ယေလေ့ အယူအဆတခုစီမှာဟိရေ တချို့ တန်ဖိုးတိကို မြင်အောင်ကြိုးစား။

နင်နန့် နင့်အနားက လူတိကို စိတ်ကျေနပ်အောင် ပျင်နိုင်ရေနည်းနန့် ဝတ်စား။

စကားကို အယင်မပြောကေ့။

နိတိုင်းတခုခုသင်။

ဆိုးဆိုရွားရွားပြုမူဖို့ သူရို့အခွင့်အလမ်းမရခင် လူတိကို ရည်မွန်ပါ။

တခုအတွက်လေ့ တပတ်ထက်ပိုလို့ ဒေါသမထွက်လီကေ့၊ ယေလေ့ မင်းကို ဒေါသထွက်အောင်လုပ်ခစော်ကိုတော့ခါ မမိလီကေ့၊ နင့်ဒေါသကို လက်တကမ်းအလိုမှာထား၊ ဒေါသကို ဂလီလုံးပိုင်ကြည့်၊ ပြီးကေ နင့်စုထားရေ ဂလီတိနန့် တတူထားလိုက်။

သစ္စာဟိပါ။

သက်သောင့်သက်သာကျရေ ဖိနပ်ကိုစီးပါ။

စိတ်​​ကျေနပ်ဖို့​ကောင်းရေ မျှခြီနန့် အမယ်စုံပုံ​ပေါက်​အောင် နင့် အလုပ်တိကို ဒီဇိုင်းဆွဲ။

တောက်ချီးကျဖို့​ကောင်း​ကေ​လေ့ အသက်ကြီးတိကို ကြင်နာပါ။နင် အသက်ကြီးလာခါ အငယ်တိကို ကြင်နာပါ။သူရို့က နင့်ကို ဖိုးဖို လို့​ခေါ်ခါ သူရို့ကို ကြိမ်တုတ်နန့် မပစ်ပါ​ကေ့။သူရို့က နင့် မြီးတိလေ​ဝေး။

တိရစ္ဆာန် တ​ကောင်နန့် နီပါ။

လူအုပ်ကြီးတိနန့် ​ကောင်း​ကောင်း အချိန်မဖြုန်းပါ​ကေ့။

နင်အကူအညီ လို​ကေ ​တောင်းပါ။

သဘာဝကျကျဖြစ်လီအောင်ထိ ကိုယ်ဟန်​ကောင်းကို ပျိုး​ထောင်ပါ။

တ​ယောက်​ယောက်က နင့်အ​ချေကို သီ​အောင်သတ်​ကေ ​သေနတ်တလက်ကို ယူပနာ သူ့​ခေါင်းကိုပွင့်ပါလား​အောင် ပစ်ပလိုက်ပါ။

တခါ​​လေ့ ပရုန်းနရုန်းမလုပ်ရလီ​အောင် နင့်ရက်တာကို အစီစဥ်ဆွဲပါ။

သူရို့ကို နင်က ဖေ့ချာပီးထားစော်ဆိုကေတောင်၊ နင်မလိုချင်ရေ မျက်နှာသာပီးစော်တိကို သူရို့က လုပ်ကတ်တေဆိုတောင် နင့် အတွက်လုပ်ပီးရေလူတိကို နင်ခြီကြောင်းကိုပြ။

လိုနီရေလူတိကို နင်ပီးလို့ရရေ ဖေ့ချာတိကို မဖြုန်းပစ်ကေ့။

လူ့အသိုင်းအဝိုင်းက မပြည့်စုံဆိုစော်ကို မျှော်လင့်ထား။ပြီးကေ နင် ထင်ထားစော်ထက် ပိုလို့ပင် မပြည့်စုံ လို့ သိရခါ ကျွီးလို့ငို။

တခုခုကို နင် ငှားခကေ ပြန်အပ်တေအခါ ပိုကောင်းရေအနအထားနန့် အပ်။

ဖြစ်နိုင်သမျှ ပလက်စတိရို့ သတ္တုရို့အစား သစ်ပစ္စည်းတိကိုရာသုံး။

ထိုအထက်က ယင်းငှက်ကို ကြည့်။

ထမင်းစားပြီးကေ လောင်ပွန်းဟင်းစားဆီး။

စိတ်ကိုလျှော့။

နိုင်ငံခြားတိုင်းပြည်တိကို လည်ဖို့လား။နင့်ကို သတ်ချင်ရေ ဆန္ဒကို ပြနီကတ်တေ နိုင်ငံသားတိဟိရေ တိုင်းပြည်တိက လွဲကေပါ့။

နင့်အချေတိက နင့်ကို ချစ်ကတ်ရဖို့လို့ မမျှော်လင့်ကေ့။သူရို့ ချင်ကေ ချစ်ကတ်လိမေ။

တရားထိုင်။ပြီးကေ ကြိုက်ကေ အရာဆက်တိုး။ အပြင်မှာ(အတွင်းမှာ) ဇာဟိလေ။

ရက်ပြတ်ရက်ပြတ် တေးခြင်းဆို။

အချိန်မှန်ပါစီ၊ နောက်ကျခကေလေ့ ခရေစိတွင်းကျ ဆင်​ခြီဆင်လက်အရှည်ကြီးတိ ပီးမနီကေ့။

ကိုယ့်ဖို့ကိုယ် ကောင်းမဝေဖန်ကေ့၊ ကိုယ့်ဖို့ကိုယ် ကောင်းဂုဏ်မတင်ကေ့။

တိုးတက်မှုဟိရေလို့ မထင်ကေ့။မဟိ။

အထက်ထပ်ကိုတက်။

ပေါရိသာဒအကျင့် မကျင့်ကေ့။

နင်မြင်ချင်​စော်တိ ဖြစ်​တေလို့ စိတ်ကူး ​၊ယေပြီး​ကေ ယင်းချင့်မဖြစ်နိုင်အောင် ပျင်​ဖို့စော် တခုကို​လေ့ မလုပ်​လီကေ့။

တပတ်မှာ အနည်းဆုံး နှစ်ခါ​လောက် နင့်ဖုန်းလက်ကိုင်ကို ​ဘေးချထား။

နင့်ပြတင်း​ပေါက်တိကို သန့်သန့်ယှင်းယှင်းထား။

ပုဂ္ဂလိက ရည်မှန်းချက်ကြီးခြင်း၏ သဲလွန်စတိကို အစိုင်ဖြတ်ဖျက်ပလိုက်။

အစိုင်ဖြတ်ဖျက်​​တေဆို​ရေ စကားလုံးကို ရက်ပြတ်မသုံး​ကေ့။

နင့်တိုင်းပြည်ကို တနားနီ​ကေ တခါစီ ခွင့်လွတ်ပီး။ခွင့်လွတ်ပီးဖို့ မဖြစ်နိုင်ကေ အရာတပြည်ကိုရာလား။

ညောင်းလာကေ နား။

တခုခု စိုက်။

“ငါရို့အားလုံး သီကတ်ဖို့ဗျာလ်”လို့ တပြတ်ပြတ်မြည်ပနာ မီးရထားဘူတာတိမှာ လျှောက်လားမနီကေ့။

နင့်သူငယ်ချင်းတိထဲက ဘဝအဆင့်ဆင့်မှာဟိနီကတ်​တေ လူတိကိုရွီ။

မွှားရ​ရေ အရသာ၊ နင့်​နောက်ကုန်းထက်မှာ ရီနွီးစီးလား​ရေ အရသာ၊လီညှင်း အီးအီး​ချေတသုပ်အရသာ၊ အိပ်​မောကျရ​ရေ အရသာမျိုးတိပိုင် အရသာရိုးရိုး​​​ချေတိကို တန်ဖိုးထား။

“နည်းပညာအစွမ်း အံ့မခန်း” လို့ အံ့အားကြီးသင့် မ​​အော်လီ​ကေ့။

နင့်ကြွက်သားတိကို ဇာပိုင်ဆန့်ရဖို့လဲသင်၊နိတိုင်း ဆန့်ပီး။

အိုလာလီဖို့အ​ကြောင်းကို စိတ်ဓါတ်မကျ​ကေ့၊ ပိုလို့အိုလာပိုင် ခံစားရလိ​မေ။ ယင်ချင့်က စိတ်ဓါတ်ကျဖို့​ကောင်း​ရေ။

တချိန်မှာ တခုရာလုပ်။

နင့် လက်ညိုး မီး​လောင်မိ​လားခကေ ရီထဲမှာ ချက်ချင်းနစ်ပစ်လိုက်။ နင့်လက်ညိုးကို မာတူနန့်ထုမိ​ကေ နင့်လက်ကို လီထဲမှာ မီနိ၂၀​ထောင်ထား။ အအီးဓါတ်နန့် မြီဆွဲအား၏ ​ပျောက်​ကင်းအောင်ကုသနိုင်စွမ်းကို နင် အံ့ဩကြီးကျပါလားလိ​မေ။

နားကွဲပါ​အောင်ထိ အသံကျယ်​အောင် ဇာပိုင် လီချွန်ရဖို့လဲကို သင်။

ပြသနာကြီးတခုမှာ တည်ငြိမ်​အောင်နီ။ အနီအထားက ပိုလို့ အ​ရေးကြီးလာလီ နင်က ပိုလို့ တည်ငြိမ်သင့်လီဗျာလ်။

လိင်မှုကို ခြီ၊ ယ​ကေ​လေ့ ​ကောင်း​​ကောင်းတော့ခါ အစွဲအလမ်းမထား​ကေ့။အပျို​ပေါက်ချိန်၊ငယ်​ရေအချိန်၊သက်လတ်ပိုင်းနန့် အသက်ြကီးချိန်က ကာလတို​ချေတိက လွဲလို့ပါ့။

အာနှုန်းမှာ ဆန့်ကျင်ဖက်တိကို စိစိနှံနှံ စဥ်းစား။

သမုဒ္ဒရာထဲမှာ ​ကောင်းအဝီးကြီးကို နင်ကူးလာမိဗျာလ်ဆိုပနာ ကြောက်စိတ်ဝင်ပါလတ်​ကေ ပြန်လှည့် အသက်​ကယ်ဘုတ်ဘားကို ပြန်လား။

နင့်အ​ချေဆန်​​ရေ အတ္တကို အသက်ဝင်​အောင် ထိန်းထား။

စာတိကို ချက်ချင်းပြန်။ ဆွဲ​ဆောင်မှုဟိ​ရေ တံဆိပ်​ခေါင်းတိကို သုံး။လီဆင်နှ​မောင်းပုံပါ​ရေ တံဆိပ်​ခေါင်းပိုင်မျိုး။

တနားနီ​ကေ တခါစီ ငို။​ယေ​လေ့ လုံးချင်းထဲဟိခါမှ ပျင်။ပြီးကေ မျှ​လောက်ထိ နင် ပို​သက်သာလားလေကို တန်ဖိုးထား။ပို​သက်သာလားပိုင်တွိ​စော်ကို မရှက်ပါ​ကေ့။

မီးခိုးကို ယှူမသွင်း​ကေ့။

အသက်ကို ယှိုက်လို့ယှူ။

ပလိပ်ကို ရန်ပြန်မ​ပြော​ကေ့။

လမ်းကို အပြီးဖြတ်လားလို့ မရခင်အထိ ပလက်​ဖောင်းအစွန်ကနီ ခြီမချ​ကေ့။ရူးထီရူးထ ​ရောင်း​ရောင်းသတ်နီ​ရေ ကားအလားအလာတိကြားမှာ ပိတ်မိနီ​ရေ လမ်း​လျှောက်သားတိကို ပလက်​ဖောင်းအစွန်းထက်ကနီ နင်​လေ့လာနီလို့ရ​ရေ။

​ကောင်းပါ။

မတူ​ရေ လမ်းတိကို ​လျှောက်ပါ။

​နောက်ပြန်။

တည်ဟိ​ရေ အလှတရားနန့် မတည်ဟိ​ရေ သစ္စာတရားကို အတွက်ရ။ သစ္စာတရားဆို​ရေ အယူအဆက အလှတရားဆို​ရေ အယူအဆနှုန်း ဩဇာကြီး​ရေ ဆို​စော်ကို သတိမူ။

​ထောင်မကျ​​အောင်နီ။

အရွယ်ရလာခါ ဘိုး​တော်တပါးဖြစ်​လာအောင်ပျင်။

တာတာကွမ်ထရိုး​ဖော်မျူလာအသစ်နန့် ကိုးလ်ဂိတ်သွားတိုက်ဆီးကို သုံး။

သူငယ်ချင်းတိနန့် ခင်ရာမင်ရာတိကို ဆီးရုံလားလို့ သတင်းမီး။ ပြန်ချိန်တန်ဗျာလ် လို့နင်ခံစားရ​ကေ ပြန်ရာပြန်။

ကိုယ့်ဖို့နန့် ကိုယ်ဆို​ကေ ရိုးသား အရာလူတိနန့်ဆို​ကေ သံတမန်ဆန်။

​ကောင်း​ကောင်း ထရူးမ​ပေါ်​ကေ့။ အချိန်ပြုန်း​ရေ။

စာအုပ်​ကောင်းတိကို ဖတ် ပြန်ဖတ်။

​ပေါက်ပြားတလက်နန့် တွင်းတတွင်းတူး။

​ဆောင်းရာသီမှာ အိပ်ရာမဝင်ခင် အိပ်ခန်းကို စိုထိုင်းအောင်ပျင်။

ပြီးပြည့်စုံ​စော်ဆိုလို့ ဘိုးလိန်းမှာဆို​ကေ အမှတ် ၃၀၀ရ​စော်နန့် ​ဘေ့စ​ဘောမှာဆို​ကေ ၂၇ ခါ ခတ် ၂၇ခါ ​အောက်​စော်ရာ ဟိ​ရေဆို​ကို သိထား။

ရီအများကြီးသောက်။ဇာသောက်ပါဖို့လဲလို့ အမီးခံရကေ ရီရာပီးပါလို့ပြော။

‘ချဘောင်သာ ဇာနားမှာပါလေ” လို့မီး။ “ငါ ဇာနားမှာ သီးပေါက်ရဖို့လဲ” လို့ မပျင်ကေ့။

ရုပ်၀တ္ထုတိကို ကြင်နာ။

အသက်၄၀ကစပနာ စိတ်လက်သက်သာကျပိုင်တွိရေ၊ နင်ယုံရေ ဒက်တင်တယောက်ဘားမှာ တနှစ်နှစ်နှစ်နီကေ တခါစီ အစမ်းသပ်ခံ။

သတင်းစာကို တနှစ်မှာ တခါထက် ပိုမဖတ်ကေ့။

“ဟယ်လို” “ကျေးဇူးပါ” နန့် “တူ’ကို မန်ဒရင်းနန့် ဇာပိုင်ပြောရဖို့လဲသင်။

လီချိုင်တက် ချီးပေါက်၊ ယေလေ့ တတိုးချေတော့ပျင်။

နိုင်ငံခြားသားတိကို အထူးသဖြင့် နွီးနွီးထွီးထွီးဆက်ဆံ။

အရိပ်ရုပ်သီးပွဲတိလားကြည့်။ ပြီးကေ နင်က ယင်းဇာတ်ရုပ်တိထဲက တယောက်လို့ စိတ်ကူးကြည့်။ မဟုတ်တာ့ ဇာတ်ရုပ်အားလုံးဆိုပနာ စိတ်ကူးကြည့်။

အညှက်ကို အပြင်ထုတ်လား။

ဘဝကိုချစ်။

(လှန်ဖို့မလိုအောင်) ဖေ့သာအတိ ကိုသုံး။

လမ်းထဲမှာ သေနတ်ပစ်နီကတ်ကေ ပြတင်းနားကို မလားကေ့။

howtobeperfect by ron padgett

Book of Questions

နရူဒါပဉှာ

XXXI

ဒေကမ္ဘာမှာ ဇာဖြစ်အောင်လုပ်ဖို့အတွက် ငါရောက်လာရလေဆိုစော်ကို
ငါ အသူ့ကို မီးရဖို့ရောင်။

ဇာကျေးဇူး​နန့် မရွိချင်ပဲနန့် ငါက ရွိနီစော်ရောင်။
ဇာကျေးဇူး​နန့် ငါက ငြိမ်ပနာ ထိုင်နီလို့မရစော်ရောင်။

ဇာကျေးဇူး​နန့် ဘီးမပါပဲနန့် ငါက လှိမ့်နီ
တောင်ပံမပါ အမွီးအတောင်းမပါပဲနန့် ငါက ပျံနီရစော်ရောင်။

ငါ့ အရိုးတိက ချီလီမှာ နီယင့်သားနန့်
ဇာကျေးဇူးနန့် ငါက ရွိပြောင်းဖို့ ဆုံးဖြတ်ခရစော်ရောင်။

XXXII

ဘဝမှာ ပါဘလိုနရူဒါးလို့ အခေါ်ခံရစော်ထက်
ပိုလို့ နှမ်းစော်ဟိသိလာ။

ကိုလံဘီယာအာကာမှာ
မိုးရိပ်စုသားတယောက်ဟိလာ။

ထီးပေါင်းစုံ စုဝေးပွဲတိက
ဇာကျေးဇူးနန့် လန်ဒန်မှာချည်းဗျာလ် ရက်ပြတ်ဖြစ်ရစော်လေ။

သျှီဘာ* ဘုရင်မမှာ
ကြက်သွီးရောင် သွီးဟိခစော်လာ။

ဘော်ဒလဲ** ငိုခါ
မျက်ရည်အမဲတိငိုခစော်လာ။

*Sheba
** Baudelaire

XXXIII

သဲကန္တရာမှာ ခရီးလားနီရေလူအတွက်
ဇာကျေးဇူးနန့် နီက အေပိုင် အဖော်ဆိုးဖြစ်ရစော်ရောင်။

ဆီးရုံပန်းခြံမှာ ကျခါ
ဇာကျေးဇူးနန့် နီက သဟဇာတကျနီရစော်ရောင်။

ဒေလရောင်ပိုက်ကွန်မှာ ကျနီကတ်စော်က
ငှက်တိလား ငါးတိလား။

နောက်ဆုံးပိတ် ငါ့ကိုယ့်ငါ ရှာတွိခရေနီရာမှာ
သူရို့ ငါ့ကို ပျောက်ကျခကတ်စော်လာ။

XXXIV

ငါမိနီခရေ ကုသိုလ်တရားတိနန့်
ငါ အဝတ်အသစ်တဆင် ခြုပ်လို့ရဖို့လား။

အကောင်းဆုံးမြစ်တိက
ဇာကျေးဇူးနန့် ပြင်သစ်မှာ စီးဖို့ ထွက်လားခကတ်စော်ရောင်။

ဂွေဗားရား*ညဉ့်လွန်ခါ
ဇာကျေးဇူးနန့် ဘိုလီဗီးယားမှာ အရုဏ်မတက်ရစော်ရောင်။

ပြီးကေ လုပ်ကြံခံရရေ သူ့နှလုံးသားက
သူ့ကို လုပ်ကြံခရေလူတိကို ယေမှာ ရှာနီလာ။

သဲကန္တာရ စပျစ်သီးအမဲတိက
ဗီဇကပင် မျက်ရည်ငတ်တတ်လာ။
*Guevara

XXXV

ငါရို့ဘဝက
မရေရာရေ ကြည်လင်မှု နှစ်ခုကြားက လိုဏ်ခေါင်းတခု မဟုတ်လီလာ။

မဟုတ်တာ့ တြိဂံအမဲနှစ်ခုကြားက
ကြည်လင်မှုတခု မဟုတ်လီလာ။

ဘဝက
ငှက်တကောင်ဖြစ်ဖို့ ပျင်ဆင်ထားရေ ငါးတကောင်မဟုတ်လီလာ။

သီခြင်းက မဖြစ်တည်မှုနန့် ဖွဲ့စည်းထားစော်လာ
အန္တရာယ်ဟိရေ ပစ္စည်းတိနန့်ဖွဲ့စည်းထားစော်လာ။

XXXVI

အဆုံးသတ်မှာ သီခြင်းက
အတန့်မရရေ စားဖိုခန်းရာ မဟုတ်လား။

တစစီကြွီလားခရေ နင့်အရိုးတိက ဇာလုပ်ကတ်ဖို့ရောင်။
နင့်ပုံသဏ္ဍာန်ကို အရာတခါ ထပ်လို့ရှာနီလီကတ်ဖို့လား။

နင့်ပျက်စီးမှုက အရာအသံ တခြားအလင်းနန့်
ရောပေါင်းလားလီဖို့လား။

နင့် သန်ကောင်တိက
ခွီးတိနန့် လိပ်ပြာရို့၏ အစိတ်အပိုင်းဖြစ်လားလီဖို့လား။

XXXVII

နင့်ပြာတိကနီ ချပ်ကိုဆလိုဗတ်လူမျိုး*တိ မွီးလာလီဖို့လား
ပြင်သာလိပ်တိ မွီးလာလီဖို့လား။

အရာ လာလတ္တံ့နှုတ်ခမ်းတိနန့် ဇော်မွှားပန်းရို့ကို
နင် နမ်းလီဖို့လား။

ယေလေ့ သီခြင်း ဇာကလာလေ နင်သိလာ
အထက်ကလား အောက်ကနီလာ။

အဏုဇီဝပိုးတိကလား ထရံတိကနီလာ။
စစ်ပွဲတိကလား ဆောင်းနှောင်းရာသီကနီလာ။

*Czeckoslovakians

XXXVIII

ချယ်ရီသီးတလုံး၏နီမင်းထဲမှာ
သီခြင်းနီရေဆိုစော်ကို နင်ယုံလာ။

နွီဦးအနမ်းတပွင့်ကလေ့
နင့်ကို သတ်နိုင်ရေ ဆိုစော်ကိုဝေါ်။

ဝမ်းနည်းပူဆွေးမှုက နင့်နိဂုံးပန်းတိုင်အလံက်ို
နင့်ရှိကအယင် ယူလို့လားခဗျာလ်ဆိုစော်ကို နင်ယုံလာ။

ပြီးကေ အရိုးမှာဒဏ်ခံနီရရေ နင့်အဇူအဇာတိကို
မာလာခွံထဲမှာ နင်တွိလာ။

XXXIX

ပင်လယ်ရယ်သံထဲက အန္တရာယ်ကို
နင် အာရုံမရလား။

ဘိန်း၏ သွီးပိုးထည်ထဲက ခြိမ်ခြောက်မှုကို
နင်မမြင်လာ။

ပန်းသီးထဲမှာဗျာလ် သီရဖို့အတွက်ကို ပန်းသီးပင်တိ အပွင့်ပွင့်ကတ်စော်ကို
နင်မမြင်လာ။

မိမောသီသတ်ပုလင်းတိ ပတ်ပနာခြံရံလို့
နင်မငိုလာ။

XL

သူ့လုပ်ငန်းတာဝန်ပြီးရေခါ
လင်းတစုတ်က အသူ့ကို သံတော်ဦးတင်ရရောင်။

လုံးချင်းထဲသိုးတကောင်၏ ဝမ်းနည်းမှုကို
သူရို့ဇာပိုင် ခေါ်ကတ်ရောင်။

ပြီးကေ ခွါတိရာ တေးခြင်းဆိုဖို့ တတ်ခကေ
ခွါအိမ်ချေမှာ ဇာတိဖြစ်လီကတ်ဖို့ရောင်။

ယင်ကောင်တိက ပျားရည်လုပ်ကေ
ပျားတိက သူရို့ကို မာန်ပါကတ်ဖို့လား။

Book of Questions

နရူဒါပဉှာ

XXI

အလင်းရောင်ကို သွန်းလောင်းစော်
ဗန်နီဇွဲလားမှာ ဖြစ်ခစော်လာ။

ပင်လယ်မှာ ဗဟိုက ဇာမှာရောင်။
ဇာကျေးဇူးနန့် လှိုင်းတိက ယင်းကို တခါလေ့ မလားကတ်စော်ရောင်။

ဂြိုလ်တာရာတိက နီလာ ဂြိုးငှက်ဆိုစော်
အမှန်လာ။

ငါ့စာအုပ်ကို ငါ ရီးခစော်အမှန်လာလို့
ငါ့မှာ မီးခွင့်ဟိလာ။

XXII

အချစ်၊အချစ် ထိုအချစ် ဒေအချစ်
ချစ်စကုန်ကေ ဇာရောက်လားခကတ်ရောင်။

ညက၊ညက ငါ့မျက်စိတိကို ငါ မီးရေ
ငါရို့ တယောက်ကိုတယောက် အရာတခါ ဇာခါ ပြန်တွိကတ်ဖို့ရောင်။

မြင်ကွင်းကို နင် ပြောင်းပလိုက်စော်
လက်ဗလာနန့်လား လက်အိတ်စွပ်လို့လား။

ရီအပြာက တေးခြင်းဆိုခါ
အာကာကောလဟသက ဇာအနံ့ဟိလီရောင်။

XXIII

လိပ်ပြာရာ ပုံပြောင်းလားဖို့ဆိုကေ
ပျံနီရေ ငါး ဖြစ်လီဖို့လား။

ဆိုကေ ဘုရားသခင် လကမ္ဘာမှာ နီရေဆိုစော် မမှန်လာ။

ဗိုင်အိုလတ်ပန်းရို့၏ အပြာရောင် ငိုကြွီးမှုမှာ အနံ့က
ဇာ အရောင်ရောင်။

တရက်မှာ ဇာနှစ်ပတ်ဟိပနာ
တလမှာ ဇာနှစ်နှစ်ဟိလီရောင်။

XXIV

အားလုံးသူအတွက် ၄ ဆိုစော် ၄ ဗျာလ်ဆိုကေ
၇ တိအားလုံးက တူတူဗျာလ်လာ။

အချုပ်သား အတွက်ခံရေ နီရောင်နန့်
နင့်ထက်ကို ကျနီရေ နီရောင်က တူတူဗျာလ်လာ။

အနာသည်ရို့အတွက်
ဧပြီလစော် ဇာအရောင်လို့ နင် ထင်ရောင်။

ဇာအနောက်တိုင်းဘုရင့်ပြည်က
ဘိန်းအလံကို ရွှင့်စော်ရောင်။

XXV

နှင်းကို စောင့်နီရုံချေအတွက်ကို
ဇာကျေးဇူးနန့် တောအုပ်ချေက သူ့ဖာသာသူ အဝတ်ချွတ်ရစော်ရောင်။

ကာလကတ္တားက ဘုရားတိအများကြီးထဲမှာ
ဇာသူက ဘုရားသခင်မှန်း ငါရို့ဇာပိုင်သိကတ်ဖို့ရောင်။

ပိုးစာပိုးအားလုံးက
ဇာကျေးဇူးနန့် ကောင်းကောင်းဖရိုးဖရာနီကတ်ရစော်ရောင်။

ချယ်ရီနှလုံးသား၏ ချိုမြမှုက
ဇာကျေးဇူးနန့် ကောင်းကောင်းပင် မာရစော်ရောင်။

အေချင့်က သီဖို့အတွက်ကြောင့်လား
ဆက်လားဖို့အတွက်ကြောင့်လား။

XXVI

ရဲတိုက်တလုံးကို ငါ့နာမည်နန့် ဂုဏ်ပြုခရေ
ယင်း လူကြီးလူကောင်းအမတ်မင်း

လုပ်ကြံရေလူ ကိတ်မုန့်ကို သူ့တူနန့်တူတူ
အားရပါးရ စားပလိုက်ခဗျာလ်လာ။

သံပုရာအနံ့နန့် မက်ဂနိုးလျားပန်းက
အသူ့ကို အရူးလုပ်လီရောင်။

မိုးရိပ်ထက်မှာ လဲအိပ်ရေအခါ
သိမ်းငှက်က သူ့ဓါးကို ဇာမှာ ချထားလီရောင်။

XXVII

အရှက်ကွဲလို့ မသေ သီခကတ်စော်လာ
ယင်း လမ်းပျောက်ခရေ မီးရထားတိ။

ရှားစောင်းခါးခါးကို တခါလေ့ မမြင်ဖူးစော် အသူရောင်။

ဇာမှာ အစိုက်ခံထားရလီရောင်
ရဲဘော် ပေါဧလွာ့* မျက်လုံးတိ။

အစူးတိအတွက် နီရာလွတ်ဆကေဟိလာလတ်
သူရို့က နှင်းဆီခြုံကို မီးကတ်တေ။

  • Paul Eluard ပြင်သစ် ဆူရီယယ် ကဗျာဆရာ ပြင်သစ်ကွန်မျူနစ်ပါတီဝင်

XXVIII

အကြွီးတိနန့် မီးလောင်စော်တိကို
ဇာကျေးဇူးနန့် အသက်ကြီးတိက မမှတ်မိရစော်ရောင်။

အံ့အားသင့်နီရေ အပျိုမချေမှာ အနံ့
ယင်းချင့် အမှန်လာ။

မဆင်းရဲဗျာလ်ဆိုစော်နန့်
ဇာကျေးဇူးနန့် ဆင်းရဲသားတိက နားမလည်ဗျာလ်ဖြစ်လားခကတ်စော်ရောင်။

နင့်အိမ်မက်တိထဲမှာ အသံမြည်ဖို့ ခေါင်းလောင်းကို
ဇာနီရာမှာ နင် ရှာလို့တွိလီဖို့ရောင်။

XXIX
နီမင်းနန့် လိမ္မော်သီးတိကြားမှာ
မီတာအကွာအဝေး ဇာလောက်ဟိလီရောင်။

မီးလောင်နီရေ သူ့အိပ်ရာမှာ အိပ်မောကျနီရေအခါ
နီမင်းကို အသူက နိုးလီရောင်။

နတ်ပြည်ဘုံရို့ ဂီတမှာ
ကမ္ဘာက ပရစ်တကောင်ပိုင် တေးခြင်းဆိုလီလာ။

ဝမ်းနည်းမှုက ထူပနာ အလွမ်းအဆွေးက ပါးရေဆိုစော် အမှန်လာ။

XXX

သူ့စာအုပ်အပြာကို ရီးခါ
ရူဘန် ဒါရီယိုးက အစိမ်းရောင်မဟုတ်လား။

ရင်းဘောက်က ကြက်သွီးရောင်
ဂွင်ဂိုရာက ခရမ်းရောင်သန်းမဟုတ်လား။

ပြီးကေ ဗီတာဟူဂိုက သုံးရောင်ခြယ်
ငါက ခေါင်းစည်းဝါတိမဟုတ်လား။

ဆင်းရဲသားရို့ အမှတ်တရတိအားလုံးက
ရွာတိမှာ တူတူ စုခံနီကတ်လာ။

ပြီးကေ လူရတတ်တိက သူရို့အိမ်မက်တိကို
သတ္တုတိနန့်လုပ်ထားရေ သေတ္တာတလုံးမှာ သိမ်းထားကတ်လာ။

Book of Questions

Pablo Neruda

နရူဒါပဉှာ

XI

ငါရို့ စကားပြောပြီးလားခကတ်ခါ
အရာလူတိက ဇာလောက်ကြာအောင် ဆက်ပြောနီကတ်ဖို့သိရောင်။

စာအုပ်ကြီး မာရီနယ်လို အကြောင်းကို
ဟိုဆေး မာတီက ဇာပြောဖို့ရောင်။

နိုဗန်ဘာက အသက် ဇာလောက်ဟိယာရောင်။

ဖေ့သာအဝါရောင်တိ အများကြီးကို
ဇာချင့်အတွက် ဆောင်းဦးက ဆက်ပီးနီသိစော်ရောင်။

ဗော်ဒကာနန့် လိုက်တိန်းဘော့နန့် စပ်ထားရေ ကော့တေးနာမည်က ဇာရောင်။

XII

ပြီးကေ အတိုင်းအဆမဟိများရေ သွားဖြူဖြူတိနန့်
ဆန်စပါးက အသူ့ကို ပြုံးပြနီစော်ရောင်။

အမိုက်မှောင်ဆုံး ခေတ်ကာလတိမှာ
ဇာကျေးဇူး​နန့် မမြင်ရရေမှင်နန့် သူရို့စာရီးကတ်စော်ရောင်။

ကာရာကတ်စ်က အလှမချေက
နှင်းဆီမှာ ထမီဇာနှစ်ထည်ဟိလေ သိပါလီယင့်လား။

ဖြုတ်ချေတိနန့် စာပီကန်ပေတိုင်တိက
ဇာကျေးဇူးနန့် ငါ့ကို ကိုက်ကတ်စော်ရောင်။

XIII

လုံးကြီး​ပေါက်လှ မိ​ကျောင်းတိက
ဩစ​တြေးလျားမှာရာ နီ​ရေဆို​စော်အမှန်လာ။

လိ​မ္မော်ပင်ကနီ​ရောင်ကို
လိ​မ္မော်သီးတိက ဇာပိုင် ဝီကတ်​လေ။

ဆားမှာသွားတိက
ခါးခါးသက်သက်ပါးစပ်​ပေါက်က ထွက်လာလတ်​စော်လာ။

ဠင်းတအမဲတ​ကောင်
ငါ့နိုင်ငံထက်က ညဥ့်ခါသား ပျံလားခ​ရေဆို​စော် အမှန်လာ။

XIV

ပြီးကေ သလဲသီးဖျော်ရည်ရှိမှာ ရပ်ပနာ
ပတ္တမြားက ဇာပြောခရောင်။

သောကြာပြီးခါမှာလာဖို့လို့
ဇာကျေးဇူးနန့် ကြာသပတီးက သူစော်သူ မပြောစော်ရောင်။

အရောင်အပြာ မွီးဖွားလာလတ်တေခါ
ပျော်ကြီးဝမ်းသာနန့် အော်စော် အသူရောင်။

ဗိုင်အိုလတ်ပန်းတိ ပေါ်လတ်ကတ်ခါ
ဇာကျေးဇူးနန့် ကမ္ဘာက ဝမ်းနည်းရစော်ရောင်။

XV

ယကေလေ့ ဂင်ဇီဖရာတိက ​
တော်လှန်ဖို့ ပျင်နီကတ်​တေဆို​စော် အမှန်လာ။

သူ့ အဝတ်အစားအစိမ်းတိကို
ဇာကျေးဇူးနန့် နွီဦးရာသီက အရာတခါ ပြန်ပီးရ​စော်​​ရောင်။

အာကာမျက်ရည်​ဖျော့​ဖျော့​ချေတိကို
ဇာကျေးဇူးနန့် စိုက်​ရေးပျိုးရေးက ရယ်ရစော်​ရောင်။

အ​ဝေးခံထားရ​ရေ စက်သီးက
သူ့လွတ်လပ်မှုကို ဇာပိုင် ရလားခ​စော်​​ရောင်။

XVI

ဆားနန့်သကြားက မျှော်စင်ဖြူ တစင်ဆောက်ဖို့
အလုပ်လုပ်ကတ်လာ။

ခြတောင်ပို့တခုမှာ
အိမ်မက်တိက တာဝန်တရပ်ဆိုစော် အမှန်လာ။

ဆောင်းဦးပေါက်မှာ ကမ္ဘာက ဇာကို အာရုံစိုက်နီလေဆိုစော်ကို
နင်သိလာ။

ပထမဆုံး ရွှီသစ်ရွက်ချေကို
ဇာကျေးဇူးနန့် ဆုတံဆိပ်တခု မပီးပဲ နီကတ်ဖို့ရောင်။

XVII

ဆောင်းဦးရာသီက နွားအဝါမတကောင်နန့် တူစော်ကို
နင် သတိထားမိလာ။

ပြီးကေ နောက်ခါ ဆောင်းဦးတိရစ္ဆာန်က
အရိုးစုမဲမဲတစုံ ဖြစ်လားခစော်ကိုဝေါ်။

ပြီးကေ ဆောင်းနှောင်းရာသီက
အပြာရောင်အလွှာတိအများကို ဇာပိုင် စုလီရောင်။

လီကောင်းလီသန့် နိုင်ငံတော်ကို
နွီဦးပေါက်ဘားက အသူ တောင်းလီခရောင်။

XVIII

အသီးခိုင်၏ ပါတီပေါ်လစီကို
စပျစ်သီးက ဇာပိုင်သိလာကတ်စော်ရောင်။

ပြီးကေ ပေလျာကန်ထားလိုက်ဖို့နန့် တော်ကောက်ဖို့မှာ
ဇာချင့်က ပိုခက်လေ နင်သိလာ။

ငရဲပြည်မဟိပဲနန့် နီရစော်က ဆိုးပါရေ။
ငါရို့( ငရဲပြည်ကို)ပြန်တည်ဆောက်လို့ မရနိုင်လာ။

ပြီးကေ ဝမ်းနည်းနီရေ နိဆန်*ကို
သံမီးဖိုထက်မှာ ဖင်ထိုင်ခိုင်းထားလို့ မရနိုင်လာ။

မြောက်အမေရိက နပမ်း**ဆီနန့်
မီးအနည်းနန့် သူ့ကို ကင်လို့ မရနိုင်လား။

  • Nixon အမေရိကန်သမ္မတ
    ** Napalm ဗီယက်နမ်မှာ ချရေ မီးလောင်ဗုံးတိမှာ သုံးရေ ဆီတမျိုး

XIX

​ပြောင်းခင်းထဲက ​ရွှေကို
သူရို့ ရွီပြီးကတ်ယာလာ။

ပါတာဂိုးနီးယားမှာ မွန်းတည့်ချိန်ဆို​ကေ
မြူတိက အစိမ်း​ရောင်ဆို​စော်ကို သိလား။

လူမ​ရောက်သျှင်မ​ရောက် ဆားရီအိုင်က
အနက်ဆုံးရီအောက်မှာတေးခြင်းဆိုစော်နီ​ အသူရောင်။

အသတ်ခံရ​ရေ အချိန်မှာ
ဖရဲသီးက ဇာကို ရယ်​စော်​ရောင်။

XX

ပယင်းကျောက်မှာ ရီသူမရို့မျက်ရည်စက်တိ
ပါရေဆိုစော် အမှန်လာ။

ငှက်တကောင်ကနီ နောက်တကောင်ဘားကို
ပျံကူးနီရေ ပန်းတပွင့်ကို သူရို့ ဇာခေါ်ကတ်ရောင်။

နောက်ကျစော်ထက် “တခါလေ့သင့်”က ပိုမကောင်းလား။

ပြီးကေ ပြင်သစ်မှာ သူရဲကောင်းအလုပ်တိလုပ်ဖို့
ဇာကျေးဇူးနန့် ချိစ်က ဆုံးဖြတ်ခစော်ရောင်။

Book of Questions

Pablo Neruda

နရူဒါပဉှာ

I

ဇာကျေးဇူးနန့် ဧရာမလီပျံတိက
သူ့ရို့အ​ချေတိနန့် တူတူမပျံကတ်​စော်​ရောင်။

ဇာငှက်အဝါက
သူ့အသိုက်ကို သံပရာသီးတိနန့် ဖြည့်ထား​လီရောင်။

နီ​ရောင်ကနီ ပျားရည်စုပ်ဖို့
ဇာကျေးဇူးနန့် ​ဟေလီ​ကော်ပတာတိကို မသင်ပီးကတ်​စော်​ရောင်။

​အေနိညဥ့်ခါ ဂျုံမှုန့်အိတ်ကို
လဇနီက ဇာမှာ ထားပစ်ခ​လီရောင်။

Il

ငါသီလားခပနာ သီခဗျာလ်ဆိုစော်ကို ငါ မသိဆိုပါဖိ
အသူ့ကို ငါ အချိန်မီးရဖို့ရောင်။

ပြင်သစ်ပြည်မှာ နွီဦးအချိန်က အရွက်တိအများကြီးကို ဇာက ရလီရောင်။

ပျားတိ အလိုက်ခံရရေ မျက်မမြင်တယောက်က ဇာနီရာမှာ နီနိုင်လီဖို့ရောင်။

အရောင် အဝါတိ ကုန်လားခရေ ဆိုပါဖိ
ဇာချင့်နန့် ငါရို့ ပေါင်မုန့်လုပ်ကတ်ဖို့ရောင်။

III

ငါ့ချက်​ပြော၊ နှင်းဆီက လင်းကြဲလား
ယင်းချင့်ကပင် သူ့အဝတ်အစားလား။

သူရို့အမြစ်တိ၏ ခမ်းနားမှုကို
ဇာကျေးဇူးနန့် အပင်တိက ဝှက်ထားကတ်​စော်​​ရောင်။

ခိုးလားနီ​ရေ ဂါရီ၏ ​နောင်တတိကို
အသူ ကြား​လီရောင်။

မိုးရီထဲမှာ တန့်နီ​ရေ မီးရထား​တစီးထက်
ပိုလို့ဝမ်းနည်း​​ရစော် ကမ္ဘာမှာ အရာဇာဟိသိ​ရောင်။

IV

​ကောင်းကင်ဘုံမှာ ဘုရားကျောင်း ဇာနှစ်ကျောင်းဟိရောင်။

ရဲရေ ရီသူမတိကို ငါးမန်းတိက ဇာကျေးဇူးနန့် မတိုက်ခိုက်ကတ်စော်ရောင်။

မီးခိုးက မိုးရိပ်တိနန့် စကားပြောလာ။

ငါရို့ ဆန္ဒအာသီသတိကို မြူနှင်းနန့် ရီလောင်းပီးရဖို့စော် အမှန်လား။

V

မင်း ​နောက်ကုန်းခွံ​အောက်မှာ ဇာကို သိမ်းထား​​ရောင် လတ်
ကုလားအုပ်က လိပ်ကိုမီး​ရေ။

လိ​မ္မော်သီးတိကိုကျ မင်းဇာမီးဖို့​ရောင် လတ်
လိပ်က ပြန်​ပြော​ရေ။

‘လွန်လားခ​စော်တိကို အတွက်ရခြင်း’ထက်
ပိုများ​ရေ သစ်ရွက်တိ သစ်​တော်ပင်မှာဟိလာ။

ဝါလာရေလို့ ခံစားရ​ရေခါ
ဇာကျေးဇူးနန့် အပင်တိက သတ်သီကတ်​စော်​ရောင်။

VI

ညဉ့်ဝထုပ်က ဇာကျေးဇူးကြောင့်
အပေါက်တိအများကြီးနန့် ပျံစော်ရောင်။

မီးပုံဘေးက ဖြတ်လားရေအခါ
ပြာဝါကြီးမ ဇာပြောလီရောင်။

ပိုလို့ပိုလို့ ပျော်ပါလတ်ယင့်နန့်
မိုးရိပ်တိက ဇာကျေးဇူးနန့် ငိုရစော်ရောင်။

နီကြတ်ချိန် အရိပ်မှာ နီမအင်္ဂါက
ဇာသူ့အတွက် လောင်နီစော်ရောင်။

ရက်တရက်မှာ ပျား ဇာနှစ်ကောင် ဟိရောင်။

VII

ငြိမ်းချမ်​ရေးဆို​စော် ဂြိုးမှာ ငြိမ်းချမ်း​ရေးလား။
ကျားသစ်က စစ်​ကြေငြာ​စော်လာ။

သီခြင်း ပထဝီဝင်ကို
ဇာကျေးဇူးနန့် ​ပါ​မောက္ခက သင်ပီးရ​စော်​ရောင်။

​ကျောင်း​နောက်ကျ​ရေ ပျံလွှား​ချေတိ
ဇာဖြစ်လားခကတ်​ရောင်။

​ဖောက်မြင်ရ​ရေ ပီးစာတိကို
အာကာမှာ သူရို့ ကြင်းကတ်​တေဆို​စော် အမှန်လာ။

VI I I

မီး၊အအီးနန့် ​ဒေါသကို ပစ်ထုတ်​တေ မီး​တောင်တိကို
မာန်ပါ​အောင်ပျင်​စော် ဇာချင့်​ရောင်။

ခရစ္စတိုဖာ ကိုလန်ဘတ်က
စပိန်ကိုကျ ဇာအတွက်နန့် ရှာမတွိနိုင်ခ​စော်​​​ရောင်။

​ကြောင်တ​ကောင်မှာ
မီးခွန်းတိ မျှလောက်ဟိ​လီရောင်။

မကျသိ​ရေ မျက်ရည်တိက
ကန်​ချေတိမှာ ​စောင့်နီကတ်​စော်လာ။

မဟုတ်တာဖြစ် သူရို့က
ဝမ်းနည်းမှုဘားကို စီးနီ​ရေ မြင်သာ​ရေ မြစ်တိလား။

IX

​အေနိ နီက ညက နီနန့်တူတူလာ
​အေမီးက ထိုမီးနန့်မတူလာ။

တဒင်္ဂ ကြွယ်ဝမှုအတွက်
မိုးရိပ်တိကို ငါရို့ ဇာပိုင်​ကျေးဇူးတင်ရဖို့​ရောင်။

သူ့မျက်ရည်အိတ်အမဲတိနန့်
မိုးကြိုးမိုးရိပ်က ဇာက လာလတ်​စော်​​​ရောင်။

မနှစ်တနှစ်က ကိတ်မုန့်တိပိုင် ချို​ရေ
နာမည်တိအားလုံး ဇာမှာ​ရောင်။

​ဒေါ်နယ်ဒါးစ်ရို့ ကလိုရင်ဒါးရို့ အီဒူဗစ်ဂိစ်ရို့
သူရို့ ဇာ​ရောက်ခကတ်​ရောင်။

X

​နောက်နှစ်တရာကြာခါ
ငါ့ ပိုးလိချ်*ဝထုပ်ကို သူရို့ဇာထင်လီကတ်ဖို့​ရောင်။

ငါ့သွီးကို မစမ်းဖူး​ရေလူတိ က
ငါ့ကဗျာကို ဇာ​ပြောလီကတ်ဖို့​ရောင်။

ဘီယာက တက်လာ​ရေ အမြုပ်တိကို
ငါရို့ ဇာပိုင်ရွီကတ်ဖို့​ရောင်။

ပီထရာ့^ ကဗျာတပုဒ်မှာ အချုပ်ကျနီ​ရေ
ယင်​တောင်က ဇာလုပ်နီလီဖို့​ရောင်။

Charles Bukowski 6

ယင်းတယောက်

နင့်အ​ချေမှာ နာမည်မဟိ
နင့်ဆံပင်မှာ အ​ရောင်မဟိ
နင့်မျက်နှာမှာ အသားမဟိ
နင့်တိုင်းပြည်မှာ အလံဆယ်လံ

နင့်အသံမှာ လျှာမဟိ
နင့်စိတ်ကူးတိက မြွီပိုင် ​လျှောလားနီ​ရေ
နင့်မျက်လုံးတိက မလိုက်

နင်က ပန်းစည်းတိကို စား​ရေ
ထရံကြားမှာ သီး​ပေါက်​တေ
ခွီးတိကို အဆိပ်လူးထား​ရေ အမဲသားဝေး​ကျွေး​ရေ

လက်ကြားတိထဲမှာ တင်းပုတ်တလက်နန့်ယောင်နီ​​ရေ နင့်ကို ငါမြင်​ရေ
ဇာသူ့ကိုမဆို ထိုးဖို့ ဓါးတလက်နန့် နင့်ကို ငါ မြင်​ရေ
နှလုံးသားတခုအတွက် ငါး​ခေါင်း လည်​ရောင်းနီ​ရေ နင့်ကို ငါမြင်​ရေ

မီးဆွဲတံကု​ဋေကုဋာ မီး​တောက်တိနန့်
နီပြင်းနီချိန်
​နောက်ဆုံး​ပေါ် ​တေးခြင်းတပိုဒ်ကို ညီးပနာ
လက်ထဲမှာ အရက်တခွက်ကိုင်လို့
စားဖိုခန်းကနီ နင်လမ်း​လျှောက်လို့ ဝင်လတ်ဖို့
အနီ​ရောင်အဝတ်ကျပ်ကျပ်ကို ဝတ်ပနာ ငါ့ကို ပြုံးပြယက်ပင်းယေ
သာမန်​တော့ခါမဟုတ်

ချာလ်စ်ဘူကော့စကီ

That One Charles Bukowski

ဖရန့် အိုဟားရား ၁၆ ၁၇

အမေရီကန်တကြောက လိုင်းတိ

ညဉ့်က မဲလို့ပါလတ်တေ
မီးရထားက အအီးအစက်
ငါ့နောက်ကုန်းလေ့ အီးနီခဗျာလ်။

ငါ ဆလိပ်မသောက်ချင်
ငါရို့ ကောင်းအယင်လားနီရေ
ငါရို့ပြတင်းတိက လီကို နာအောင်ပျင်ရေ

ညကညဉ့် ငါ နီမကောင်း
မိုးထသား ပိုလို့ရာဆိုး
ဒေခုံထက်မှာ ငါ့ဖာသာငါ ဗိုင်းခနဲလဲချလိုက်တေ

ငါ တညဉ့်လုံးထိုင်နီခရေ
ငါ ခေါင်းအုံးမဝယ်ခ
ငါ့နာရီက အယင်အပတ်က ပျက်လားခဗျာလ်

ဘီးလုံးတိက အယင်ပယင် လှီးနီရေ
သံလမ်းတိက အဂင့် ရုန်းကန်နီရေ
မှန်တိက ရီအိုင်ချေတိပိုင် လှုပ်နီရေ

ငါ အလုပ်အများကြီးမပြီးသိ
ငါ တဖဲ့ချေရာ ချစ်ရတာသိ
ယေလေ့ ပြီးရလွှားရစော်ကို ငါ ညီးနီပါဗျာလ်

lines across united states frank o hara

ပြတင်းတိ

ကောင်းကောင်းလွင်ပနာ ပြာနီရေ ဒေနီရာက
သူ့အထဲကို ငါရို့ ဇာထည့်လိုက်လေဆိုစော်ကို ဂရုပင်မစိုက်
သူ့ဝင်သက်ထွက်သက်မှာ
လီပျံတိ ပျောက်ကျ တာဝါတိ မြုပ်ကျလားခရေ
ဗလာနယ်ကို ငါရို့ချစ်မိကြိုက်မိလားကတ်ခါ
ငါရို့နှလုံးသားတိလေ့ အပျော်လုံးဆို့ကတ်စော်ဗျာလ်
ပြာလွင်အပြုံး မိန်မတယောက်ခေါင်းအနောက်ဘက်
ပြီးကေ တခါလေ့ပြန်မလာလီဖို့အတွက် ပျံထွက်လားခရေ
အဝေ ငါ့နှလုံးသား အယင်ခါမွီးခရေ လီယိုနာဒိုကို အတွက်ခံကြည့်
လုံးခြုံအမြင်နန့် ဘဝကို လက်ခံခစော်ယေ
ခု အထိမ်းအမှတ်တိထဲမှာ သီကျနီလီယင့်
အာကာကို နုညံအောင်ပျင်နိုင်ဖို့ နွီဦးလီညင်းလေ့မဟိ
လမ်းထက်မှာ
ဇာအနားကွပ်စကာ့အတွန့်တိကို ငြိမ်နီအောင်ပျင်ဖို့ ရီးမွီးလေ့မဟိ

windows frank o’ hara

ဖရန့် အိုဟာရာ ၁၃ ၁၄ ၁၅

ညက ေဖာက် ေချာင်းမှာ

အားလုံးက ကောင်းရိုးစင်းပနာ စိတ်ဝင်စားဖို့ကောင်းရေလတ် မင်းကပြောရေ
ယင်းချင့်က ငါကို ကောင်းသောကရောက်စီရေဝေး ရာသျှာ ဝတ္ထုတိဖတ်ရပိုင်မျိုး
ငါ အကြီးအကျယ်ပျင်းရေဝေ
တခါတရီ ဘိုင်စကုပ်အညံ့တကားကြည့်ရပိုင်မျိုးရာ
အရာရက်တိမှာ၊များသောအားဖြင့်၊ ကျောက်ကပ်ရောဂါရနီပိုင်မျိုး
ဘုရားသိပါရေ နှလုံးနန့်တော့ခါ တခုလေ့မဆိုင်
ငါ့ထက်ပိုလို့ စိတ်ဝင်းစားဖို့ကောင်းရေ လူတိနန့်လေ့ တခုလေ့မဆိုင်ဆိုစော်ကို
ဗြတ် ဗြတ်
ယင်းချင့်က ခြီဖို့ကောင်းရေ စိတ်ကူးပါရာ
အရာလူတိက ကိုယ့်ထက် ဇာပိုင် ခြီဖို့ကောင်းလေဆိုစော်
အရာလူတိက ဇာပိုင် မဖြစ်နိုင်ဆိုစော်လေ
မင်းလေးဆယ့်ငါးပြားကို ငါ ချီးလို့ရဖို့လား
ငါက ကျည်ဆံတတောင့်ရာလိုစော် ငွီရောင်ဆိုပိုကောင်းရေ
မင်းက စိတ်ဝင်စားဖို့ မကောင်းနိုင်ကေလေ့ ဒဏ္ဍာရီတခုတော့ခါ ဖြစ်နိုင်သိရေလေ
(ယေလေ့ ယင်းအဆိုးအဆာတိအားလုံးကို ငါ မုန်းပါရေ)

yesterday down at the canal frank o’hara
အဆင်ပြေပိုင်ပြန်စော်

ကဗျာ

အဆင်သင့်ဖျော်လို့ရရေ ကော်ဖီ ဆကေချိုင်ရေ ခရိမ်နန့်
ပိုလို့ပါးလာလီဖို့ပုံမရရေ ထိုးအဝီးသို့ ဖုန်းတကော
“ပါပါ သား နိစိုင်ရက်ဆက် ယစ်လို့ရာ နီချင်ရေ”
သူငယ်ချင်းအသစ်တယောက် ကဗျာမှာ
အရာလူရို့လက်တိ၊သူရို့နန့် ကျနော့ မဖြစ်နိုင်မှုတိကို မြင်နီရစော်မှာ
ကျနော့ဘဝ သတိနန့် တည်နီရရေ
မဖြစ်နိုင်မှုတိ မဟိခစော်က ဒေအချစ်လား
ခု ယင်းအချစ်ဦးလေ့ နောက်ဆုံးကျ သီလားခဗျာလ်

poem frank o’hara

တေးခြင်း

စုတ်ပဲလာ
စုတ်ပဲရုပ်ပေါက်လာ
မြို့မှာ ယပိုင် မင်းစဉ်းစားရေ

စုတ်ပဲရေထင်ရရုံလာ
မြို့မှာ ယပိုင် မင်းစဉ်းစားရေ
အသက်ယှူဖို့ မင်း မငြင်းမလား ငြင်းလာ

စရိုက်ဆိုးနန့် လူတယောက်လာရေ
သူက ဆွဲဆောင်မှုဟိရေပိုင် ဟုတ်လာ ဟုတ်တေ
သူ့စရိုက်က ဆိုးရေပိုင် သူက ကကောင်းဆွဲဆောင်မှုဟိရေ ဟုတ်လာ ဟုတ်တေ

မြို့မှာ ယပိုင် မင်းစဉ်းစားရေ
မင်းလက်နန့် ရီညီကပ်မနီရေ မင်းစိတ်ကိုစမ်းကြည့်
ယင်းချင့်က စိတ်ကူးတခုမဟုတ် ယင်းချင့်က ကြပ်ခိုး

လူတယောက်ဘားက အညှက်ဆိုးတိ အများကြီး မင်းဖယ်လိုက်တေ
စရိုက် အဆိုးလျော့လားလာ မလျော့ ချက်ချင်းတိုးလားရေ
အသက်ယှူဖို့ မင်း မငြင်းမလား ငြင်းလာ

Song Frank O’ Hara

Charles Bukowski 5

ပြီးကေ လနန့် ကြယ်တိနန့် ကမ္ဘာ

ညဉ့်ဘက် လမ်းအရှည်ကြီးလျှောက်
ယင်းချင့်က စိတ်အတွက်ကောင်းရေလေ
ပြတင်းတိကို ရှောက်ကြည့်
လက်ပန်းကျနီရေအိမ်သျှင်မရို့က
ဘီယာပေါက်နီရေ လင်သည်တိကို
ပြန်ခံနှက်ဖို့ ပျင်နီကတ်စော်ကို စောင့်ကြည့်

And the moon and the stars and the world c bukowskl