Charles Bukowski 4

ဒေါ်လာ တထောင်

မြင်းပွဲနန့်ပတ်သက်တေ ငါ့ဗဟုသုတတိအားလုံးက
ငါ့ကိုပြောရေ ဒေချင့်က သေချာရေ စပ်ပွဲ
ဒေါ်လာတထောင်နိုင်အောင် ငါ စပ်လိုက်တေ
ယင်းမြင်းက ၆ ဖာလုံပွဲမှာ
နံပတ်တစ်ဆွဲခစော်

ခေါင်းလောင်းမြည်စော်နန့်
မြင်းတိ ဂိတ်ပေါက်က ထွက်လတ်ကတ်တေ

ငါ့မြင်းက ဘယ်ဘက်ကိုလှည့်ပနာ
တပ်ကိုရာ ဖြတ်လို့ပြီးလီဗျာလ်
ဒုံးပေါက်ဆောက်လားခရေ
ပြီးကေ သီလားခရေ
ယေမှာ
၇/၅ တည့်တည့်မှာ

ငါက ဒေအကြောင်းကို လူတိကို ပြောပြခါ
သူရို့က တခုလေ့
ပြန်မပြောကတ်

တခါတရီ တခုလေ့ ပြောဖို့မဟိယေ
သီစော်နန့်
ပတ်သက်လို့

one thousand dollars c bukowski

Charles Bukowski 3

အနိုင်ရမှတ်

သတင်းစာမှာ ဖတ်မိရေ
၇၂နှစ် မယားသည်က သူ့ ၉၁နှစ်လင်သည်ကို
နက္ကတိုင်နန့် ဖျစ်သတ်လိုက်တေလတ်
မယားသည်က​ပြောရေ အသက်ကွာစော်ကို မခံနိုင်ဗျာလ်လတ်
ပြီးကေပြောသိရေ လွန်ခရေ နှစ်၃၀က တန်းနိစ်ကုတ်မှာ သူရို့ စလို့တွိခကတ်ခါ
အသက်ကွာစော်က အရေးကြီးပုံ မပေါက်ခလတ်

လွန်ခရေ ၂၅ နှစ်လောက်အတွင်းမှာ
အခါ ဒါဇင်ဝက်ထက်မနည်း
ငါ အကြီးအကျယ် အန္တရာယ်ဟိနီခပိုင်ဗျာလ်ကာ
အခုလေ့သင့်ရာသိ

ငါ့ အဝတ်ဗီရိုမှာ နက္ကတိုင် တချောင်းချေရာဟိရေ
အသုဘပွဲတပွဲကိုလားဖို့လို့ ဝယ်ထားစော်
မကြာသိ
ယေလေ့ ငါက တန်းနိစ် တခါလေ့ မကစပ်
စမ်းကြည့်ဖို့လေ့ ရည်ရွယ်ချက်မဟိပါ

match point c bukowski

Charles Bukowski 2

ဘာလင်ကို ဗုံးချစော်

အမေရိကန်တိ အင်္ဂလိပ်တိ လာပါကတ်လိမေ လတ် သူက ပြောရေ
သူရို့ကို တခုပိုင်လေ့ တန့်လို့ကမရဗျာလ်
သူရို့လီပျံတိမှာ မီးအနီတိ အပြာတိပါရေ
သူရို့ အချိန်ယူနီခကတ်စော်
ရယ်ဖို့ကောင်းရေ မင်း သိလာ
ဗုံးတလုံးက တဘလောက်လုံးကို ဖြိုချပစ်ခပနာ
အနားက ဘလောက်ကိုကျကေ တို့ပင်မတို့မိပဲနန့် အေအတိုင်းချန်ပစ်ခစော်လေ
တခါက ဗုံးချပြီးခါ အပြိုအပျက်တိအောက်က ပီယာနိုတလုံး တီးနီသံကို ငါရို့ ကြားခကတ်တေ
ယင်းအောက်မှာ ပီယာနိုတီးရေ ဝါကြီးမတလုံး ဟိရေ
သူ့ပတ်ပတ်လည်မှာ အဆောက်အဦတခုလုံးပြိုကျလားခပနာ
သူ့ကို ယေမှာ မြုပ်ပလိုက်တေ ယေလေ့ သူက ပီယာနိုတီးနီတုန်းသိ
တအောင့်ဆိုကေ လီပျံတိက တခါပြီးကေ လာနီကတ်ခါ
ငါရို့လေ့ ဒုက္ခခံပနာ မြီအောက်ကို ဆင်းမနီကတ်ဗျာလ်
ပထမထပ်မှာပင်ဖြစ်ဖြစ် ဒုတိယထပ်မှာပင်ဖြစ်ဖြစ်
ငါရို့ဟိနီရေနီရာမှာ ဆက်လို့ နီလိုက်ကတ်တေဗျာလ်
ပြီးကေ မော်ကြည့်ပနာ မီးအနီအပြာတိကို စောင့်ကြည့်နီခကတ်တေ အတွက်ခံနီခကတ်တေ
ခလိုးသားတိ!
သက်ပြင်းတချက်ချပနာ ဘီယာဘူးကို ကောက်ကိုင်ယက်ပင်း သူက ပြောခရေ
အေ ငါရို့ စစ်ယှုံးလားခဗျာလ် ယလောက်ဗျာလ်ရာ

the bombing of berlin c bukowski

Charles Bukowski 1

ဧပြီလက အမိုက်ဆုံး ညဉ့်တညဉ့်

လူအယောက်တိုင်းက နောက်ဆုံး အလှောင်ခံရပနာ ဒုန်းဒုန်းကျလို့
သချိုင်းတခုတိုင်းက အဆင်သင့်
သိမ်းငှက်အကောင်တိုင်း အသတ်ခံကတ်ရ
ယပြီးကေ အချစ်နန့် ကံတရားလေ့သင့်ယေ

ကဗျာတိ နိဂုံးချုပ်ခဗျာလ်
လိုင်ခြောင်းခြောက်နီရေ

ဒေချင့်အတွက် အသုဘပွဲဟိလီဖို့လို့ ငါ မထင်ပါ
ယပြီးကေ မျက်ရည်တိလေ့မဟိ
ယပြီးကေ အကြောင်းပြချက်လေ့မဟိ

ဝေဒနာက အသျှင်သခင်
ဝေဒနာက တတိန်းဆဆိတ်

ငါ့ကဗျာ လိုင်းခြောင်းတိ
ခြောက်နီရေ

a most darkest night in april c bukowsky

Rae Armantrout

ပထဝီဝင်

ချက္ကရာ* တခုစီကို တို့
တလှည့်စီ ပြီးကေ ပြော

တခုလေ့ ငါ့ကို လန့်အောင်မပျင်နိုင်

ဆီးရီးယားကို
ဗုံးတိကျနီစော်ကို စောင့်ကြည့်ယင်း

ငါရို့ လေးလေးနက်နက် ခံစားလာရ

စိတ်နစ်လို့**

အရာစော်မှာ စိတ်ပါလို့မဟုတ်***
ငါရို့

အယင်ခါကပိုင်

ငါ့ကို အဆုံးသတ်ပါ
ငါ စခရေနီရာမှာ

John Donne ရီးခရေ

အချစ်ကို
ဂျော်မေထရီ အဖြစ် ပြောင်းယင်း

Geography by Rae Armantrout

*chakra ဘီး လူခန္ဓာမှာ စွမ်းအင်စုရာ နီရာ ဆိုရဖို့
အဓိက ၇ နီရာဟိရေဆိုရေ ယောဂ ကျင့်ရေလူတိ ပြောလေ့ဟိရေ အသုံး
** occupied
*** preoccupied

Ron Silliman

နင် အပိုင်း တစ်

ခက်ခဲရေ အိမ်မက်တိ။ နင့်ခန္ဓာထဲက တနီရာရာမှာ နင့်အပိုင်သီခြင်းက လဲလို့

စောင့်နီရေ ဆိုစော်ကို နင်သိလိုက်တေ အချိန်ချေ။ လုံးချင်းထဲ သင်္ဘောက မိုးကုပ်စက်ဝန်းကို သတ်မှတ်တေ။ မိုးရီက

သောက်ဖို့ အန္တရာယ်မကင်း။

ဂရော်ဇနီမှာ ဘီဟတ်မှာ သမိုင်းအိုင်ဒီယာက ပေါက်ကွဲမှုအသစ်တခုစီနန့် ဗြန်းဗြန်းခါနီရေ။

အပြုစုမခံရပဲနန့် နှင်းဆီက လဲနီရေ၊အစုအပြုံလိုက်မြီမြုပ်ခံရရေကျင်းအစွန်းမှာ စူးအရိုင်းတိ။စာသင်ချိန်တိကြားမှာ

ကော်ဖီပြင်းပြင်း သောက်ကတ်ယင်းနန့် နာမ်စားတလုံး တန်ဖိုးကို လူငယ်ချေတိ ငြင်းနီကတ်တေ။

ဒေချင့်ကို နင်မြင်ရေအခါ၊သတိရပါ။ ပုလင်းတလုံးထဲက မှတ်စု က ကာတွန်းပင်လယ်မှာ ပေါ်လိုက်မြုပ်လိုက်။

ရေဒီယို အော်ပရေတာ နာမည်က စပါ့က်စ်။

အုတ်ထရံထက်မှာ ဆီးရောင်နန့် ကောက်ကြောင်းဆွဲထားရေ လက်။မုန်တိုင်းက ကစပ်ကွင်းကို ဗိတ်တော ဖြစ်အောင်

ပြောင်းပစ်တေ။နောက်ဆုံးတော့ခါ ရောင်သွီးစုံဘဲကို အလယ်ကန်မှာ ငါရို့တွိဗျာလ်။

ငါ့ကား ဒတ်ချဘုတ်က စန္ဒယား ခလုပ်ခုံနန့်တူရေ။တိရစ္ဆာန် အရုပ်ချေတိက နီရာတိုင်းမှာ။
နီက မိုးထ အာကာမှာ ဖောင်းနီရေ။

ကော်ဖီဆိုင် တံခါး အပြင်မှာ
စွပ်တာအင်းကျီလိုင်ပေါက်မှာ ဘောပန်သုံးချောင်းညပ်ထားရေ လူက စားပွဲခုံ တခုံကနီ နောက်တခုံကို

ပြောင်းနီရေ ဂျန်နဝါရီ လီအီးကနီ ဝီးအောင်လို့
လက်တဖက်မှာ စတိုင်ရိုဖုန်းခွက်အရှည်တခွက်နန့် အရာတဖက်မှာ ဂရမ်မာတိုလော်ဂျီ စာအုပ်နန့်

အပြင်မှာ ခွီးတကောင်ကို ဗလာခုံတန်းမှာ ချိုင်ထားရေ
စက်သီးကို “မရပ်ရ” မှာ ကြိုးနန့်ချိုင်ထားရေ။

လက်မှတ်ထိုး။

YOU part i Ron Silliman

Ron Silliman Photo Credited

Kim Hyesoon

ခေတ်ပြိုင်ကိုးရီးယားကဗျာလောကမှာ ဩဇာကြီးရေ ကင်ဟီဆွန်း Kim Hyesoonကို ၁၉၅၅ မှာမွီးရေ။ကိုးရီယားစာပီဆိုင်ရာနန့် PhD ရေ ၁၉၇၉ ကပင် ကဗျာလောကထဲကိုဝင်ခရေ။ယင်းအချိန် ၁၉၇၀ ၁၉၈၀ ကာလတိက အမေရိကန်နောက်ခံကိုးရီးယားစစ်အာဏာရှင် ပတ်ချွန်ဟီး နန့် ချွန်ဒူးဝမ်းအစိုးရတိကို ဆန့်ကျင်ရေး အာဘော်ဟိရေ literature and intellect မဂ္ဂဇင်းမှာ အစောဆုံးဖော်ပြခံရရေမိန်းမတယောက်။နိုင်ငံရေးအလုပ်တိမှာလေ့ ဝင်ပါခရေ။ ကိုးရီးယားစာပီနယ်မှာ အထင်ကရဖြစ်တေ Midang နန့် Kim Su Yong ကဗျာစာပီဆုတိကို ပထမဆုံးရခရေ မိန်းမကဗျာဆရာ။၂၀၁၉ မှာ သူ့ကဗျာစာအုပ် Autobiography of Death က Griffin Poetry ဆုရခရေ။လက်ဟိ ဆိုးလ် အနုပညာကျောင်း the Seoul Institute of the Arts မှာ ရသစာပီ သင်ပြနီရေ။

"ပျောက်လားခရေ မိန်းမရို့မှာ အသံက ကျွီးနီရေ။ ယင်းပျောက်ကျခရေ မိန်းမတိအသံက ပဲ့တင်ထပ်နီရေ။ငါက ယင်းအသံတိနန့် တေးခြင်းဆိုရေ"လို့ ကင်ဟီဆွန်းကဆိုရေ။

ကိုးရီးယားစာပီအစဉ်အလာမှာ ကဗျာဆရာမတိကို မိန်းမကဗျာဆရာ(ယောယူယှိမ်း)လို့ခေါ်လေ့ဟိရေဆိုပါရေ။ ယောက်ျားကဗျာဆရာတိကိုကျကေကဗျာဆရာ (ယှိမ်း) လို့ရာ ဝိသေသမပါပဲနန့်ခေါ်ရေ ဆိုပါရေ။ကင်ဟီဆွန်း အမြင်အရ အေချင့်က မိန်းမရို့၏ စစ်မှန်ရေ အသံတိကို ဘောင်သတ် ခွဲခြားရာရောက်တေလို့ဆိုပါရေ။ ယောယူယှိမ်း တယောက်ဆိုကေ ချစ်ကောင်းထမန့်ချေတိ စိတ်ကစပ်စော်ချေတိ နုညံ့စော်ချေတိကိုရာ ရီးရဖို့ဆိုရေ သတ်မှတ်ချက်မျိုး။အကျယ်ချဲ့ကြည့်ရဖို့ဆိုကေ အေပိုင်စော်တိက ကိုးရီးယာလိင်သတ်မှတ်ချက်စံအရ လက်သင့်ခံနိုင်ရေ မိန်းမတယောက်၏ အမူအကျင့်တိလို့ဆိုရပါဖို့။

ကင်ဟီဆွန်းက ကဗျာကို မလှလီအောင်လို့ ဒုတ်သီမုတ်သီခံကြိုးစားရေ။စိတ်လုပ်ကစပ်တေ နုညံ့ရေ ယောယူယှိမ်းကဗျာမျိုးကို တသီးတမံဆန့်ကျင်ပနာ အကြမ်းပတမ်းပုံရိပ်တိ အန်စော် အညှက်ဆိုး ယိုယွင်းခန္ဓာတိ သီခြင်းရို့ကိုဖွဲ့တတ်ပါရေ။ မိန်းမတယောက်၏ အရွယ်သုံးပါး အပျို အိမ်ထောင်သည် သားသည်အမိ ကို တမင်ပျင်ထားရေ ကြမ်းတမ်းရေ နိမိတ်ပုံတိနန့် ဖွဲ့လေ့ ဟိရေ ဆိုပါရေ။

ဟီဆွန်းဒဏ်ရာ

လင်းကြဲ ရီခဲ ခန္ဓာ

နှင်းဖြူဖြူကို သိမ်းထားရေနီရာတခု၊ မိုးသီးတိအပြည့်နန့် စတိုခန်းတစ်ခန်းကို နင် ရောက်ဖူးလာ

ပင်လယ်အောက်က ရီခဲလော်ကာတခုကို နင် ရောက်ဖူးလာ
ရီမှာ အနယ်ခံရရေ ငါးတိ အသက်ယှူအောင့်ထားကတ်စော် နင် မြင်ဖူးလာ

တောင်ပိုင်မြင့်ရေ နှင်းပုံ တပုံ၊ နင့်နှလုံးသားထဲ နှင်းကျနီခါ
ယင်းနှင်းထဲမှာ ပုန်းနီရေ တယောက်ယောက်ကို နင် မြင်ဖူးလာ
ယင်းသူ နိုးကျလို့ မျက်စိတိကို ဖွင့်လိုက်တေအခါ
မိုက်နီရေ လ ငိုယင်းနန့်ထွက်လာစော် နင် မြင်ဖူးလာ

အယင်ပြီးနီရေ တောင်ဖြူဖြူတိကို ကျည်ဆံမီးရထားထက်က ဖမ်းဖို့ နင် ကြံဖူးလာ
တောင်တိ အီးအီးစက်စက် စိုက်ကြည့်နီစော်ကို နင် သည်းခံတောင့်ခံဖူးလာ

ရီခဲတုံးတစ်တုံးကို လူမမာတစ်ယောက်ပိုင် ပုဆို့ဟပ်နန့်ပတ်လို့ ရွက်ထားပနာ
ဟုန်းဟုန်းတောက် နွီနီအောက် သူ့မျက်ရည်တိကို သုတ်နီရေ မိန်းမတယောက်ယောက်ကို နင် မြင်ဖူးလာ
နီပူလောင်နီရေ လင်းကြဲ ရီခဲ ခန္ဓာကို နင် တို့ကြည့်ဖူးလာ

ညဥ့်လယ်ခေါင်မှာ နိုးနီသိရေလူရုိ့ဘားက မျက်ရည်တိကို နင် စားဖူးလာ
အရည်ပျော်ရရေအခါ ရီခဲအမာရေ ဇာပိုင်ခံစားလီရဖို့လဲ နင် အတွက်ခံကြည့်ဖူးလာ
ဆိုကေ နားစိုက်လိ့ုရာထောင် ၊ ရီခဲမင့်သမီး စကားပြောနီရေ
မိုးသီးတိအပြည့်နန့် စတိုခန်းတခန်းကို နင် ရောက်ဖူးလာ
ရီခဲ အရည်ပျော်လာခရေ စတိုခန်းတခန်းမှာ သတိလက်လွတ် နင် ရပ်နီဖူးလာ

ကင်ဟီဆွန်း

The Naked Body of Ice

သမီးချေတစ်ယောက် မွီးရေနိကို အတွက်ပေါ်ယင်း

photo credit


ငါ မှန်ကိုဖွင့်ပနာ ဝင်လိုက်တေ
ငါ့အမိ ယင်းမှန်ထဲမှာ ထိုင်နီရေ
ပြီးကေ
ငါ မှန်ကို ဖွင့်ပနာ အရာဝင်လိုက်တေ
ငါ့ အမိမှာ အမိ ယင်းမှန်ထဲမှာထိုင်နီရေ
ပြီးကေ
ငါ့ အမိမှာ အမိ ထိုင်နီရေ မှန်ကိုတိုးလို့ ဝင်ဝက ဝင်လိုက်တေ
ငါ့အမိမှာ အမိမှာ အမိ ယင်းမှန်ထဲမှာသွားဖြဲပြုံးနီရေ
ပြီးကေ
ငါ့အမိမှာ အမိမှာ အမိ ပြုံးနီရေ နှုတ်ခမ်းတိကြားက ငါ ခေါင်းထိုးလို့ဝင်လိုက်တေ
ငါ့အမိမှာ အမိမှာ အမိမှာ အမိက ယင်းမှန် အထဲမှာ
ငါ့ထက်ပင်နုသိရေပုံနန့် ငါ့ကို နောက်ခိုင်းလို့ထိုင်နီရေ
ငါ မှန်ကို ဖွင့်ပနာ ဝင်လိုက်တေ
အရာထပ်ဝင်ရေ
အရာတခါထပ်လို့ဝင်လိုက်တေ
မှန်ထဲမှာက ပိုလို့ပိုလို့ မှောင်ပါလတ်တေ
ငါရို့ အစိုင်က အမိတိအားလုံး မှန်ထဲမှာထိုင်နီကတ်တေ
အမိတိအားလုံး
နှုတ်ခမ်းတိစူပျာလ် အော်ငိုလို့ နို့တောင်းကတ်ယင်း
မေမေ မေမေလို့ တတိုးချေတမျိုး အော်လို့တမျိုး ခေါ်ကတ်ယင်းနန့်
ငါ့ဘားသို့ ခုန်တက်လိုက်ကတ်တေ
ယကလေ့ ငါ့နို့တိက ခြောက်ကပ်နီပျာလ်
တယောက်ယောက်က ငါ့အူတိထဲသို့ လီကိုဆက်လို့မှုတ်သွင်းနီရေ
ဘော်လုံးတလုံးထက်ပင်ပိုလို့ ငါ့ဝမ်းက ဖောင်းတက်ပါလတ်တေ
ယေနန့် ပင်လယ်ထက်မှာ ထိုနား အေနား ရွှင့်လိုက် မျောလိုက်ဖြစ်နီရေ
မှန်ထဲမှာက ကောင်းကောင်းပင် ကျယ်ခါ
ဖမ်းဆွဲလိုက်ဖို့ ကောင်ရိုးတမျှင်လေ့ ငါရှာလို့ကမတွိနိုင်
တချက်တချက် ငါ့ ခန္ဓာကိုဖြတ်လို့ လျှပ်စီးပြက်နီရေ
ပင်လယ်ထဲသို့ ငါ ခုန်ဆင်းလိုက်တေ အခါတိုင်း
ကုန်းထက်က အမိအားလုံးရို့ ဖိနပ်တိ
ပင်လယ်ကြမ်းပြင်မှာ တတိတ်ချေနန့် ပျော်ပျောက်နီကတ်တေ
ပြီးကေ
အရာတခါ ခုန်ဆင်းရေ

ကြိုင်နီရေ အာကာက လျှပ်စီးပြက်လိုက်တေ
အလင်းပျောက်ကျပျာလ် မိုးနန့်မြီမှာ အမှောင်အမိုက်
ပြီးကေ
တပြိုင်နက်ထဲ မှန်တိအားလုံး ငါ့ရှိမှာ ကွဲကျလားခရေ
အဝတ်ဖြူဝတ်ပျာလ် လက်အိတ်စွပ်ထားရေလက်တိနန့် လူတိအများကြီး
မှန်ကွဲစတိကို ဖယ်လိုက်ကတ်တေ
ပြီးကေ
သွီးတိပေပျာလ် မျက်စိမိတ်ထားရေ ငါရို့ အမိတိ အားလုံးမှာအမိကို ကောက်ယူလိုက်ကတ်တေ
“လက်ညိုးဆယ်ချောင်းနန့် မင်းသမီချေတပါးပျာလ်”လတ် သူရို့ကပြောကတ်တေ

ကင်ဟီဆွန်း

Remembering the day a daughter was born

ရီသူမ

ရီသူမအားလုံးက ဇာအတွက်နန့် အမ ဖြစ်ရစော်လေ

ငါ့ဖာသာငါ ကြမ်းထက်မှာ ဖားစင်း​မှောက်ပနာ ငါ့ အရိပ်ကို နမ်း​ရေ
အရိပ်နားရွက်ကို ပဲ့ပါ​အောင် ငါကိုက်​​တေ

ငါ့အရိပ်မှာမျက်စိတိ အ​ရောင်​တောက်ပါလတ်​​တေ

ရီတခါ​ချေပင်​လေ့ မချိုးဖူး​ရေ ကုလားအုတ်ပိုင် လူတ​ယောက်
ငါ့အထက်ဝါမှာ ပုန်းနီ​​ရေ
ငါ့ကို ရီအနက်ထဲ ဆွဲချပနာ ​ချင်ရာလားနီ​ရေ
ငါးမန်းပိုင် အသားအမဲနန့် လူတ​ယောက်
ငါ့​အောက်ဝါမှာ ပုန်းနီ​ရေ

ငါက ရှိကျ​ရေ လူမျိုးဘားမှာ တပိုင်း အစားခံထားရ​ရေ မိန်းမတ​ယောက်
သူရို့လက်ထဲမှာ စူးကြာပွတ်တိနန့်

​ယေနန့် ငါ့နွမ်းနီ​ရေ မျက်နှာမှာ
ကုဘားအုတ်မျက်စိက ပွင့်လျက်၊ ပြူးထွက်နီ​​ရေ
ငါ့နောက်ဘ၀ ခန္ဓါကို အတွက်မရ ​ငေးကြည့်နီ​ရ
လုံးကြီး​ပေါက်လှ သဲ​တောင်ကုန်း အမို့အ​မောက်
မမွီးသိ​ရေ အ​ချေတိ လက်သည်းခွံနန့်တူ​ရေ
စူးတတ်​တေ ငါးအကြီးခွံတရာ
ငါ့ ခြီမျက်စိနားမှာ စူးနီ​ရေ
ယင်းအစူးတိက တခါ​ပင်လေ့ ပြုတ်မကျ

တ​ယောက်က ငါ့လက်တိကို လှုပ်​တေ ပြီး​ကေ သဲကန္တာရ အ၀ီးကြီးကိုလားစီချင်​ရေ

တ​ယောက်က ငါ့ခြီတိကို ချိုင်ထားပနာ သမုဒ္ဒရာ အ၀ီးကြီးကို လားစီချင်​ရေ

ငါ့လက်ညိုးတိမခဲခင် ငါ့လျှာနွီးနွီးက အယင်ခဲလားခ​ရေ
ငါ တတုန်တတုန်နန့်ပြော​ရေ
‘ချမ်း​ရေ ချမ်း​ရေ’
ဓမ္မတာ နာကျင်မှုက ငါ​အောက်ဝါကို အသဲအသန် ပတ်ထား​ရေ
‘နာ​ရေ နာ​ရေ’
ငါ့ခန္ဓါကို ငါ တွန့်လိုက်​တေ
တ၀က်က ကန္တာရမှာ ပိတ်မိနီပနာ
အရာတ၀က်က သမုဒ္ဒရာမှာ

ငါ့အရိပ်နားရွက်ကို ငါကိုက်တေ
ငါ့အထဲမှာ ငါ တရက်လုံး ရီကူးနီ​ရေ

ရီသူမအားလုံးက ဇာအတွက်နန့် အမ ဖြစ်ရ​​စော်လေ
သူရို့​စော်နန့် သူရို့ မျိုးပွားကတ်လာ

ကင်ဟီဆွန်း

Why are all mermaids female? Kim Hyesoon