Arthur Rimbaud Poems 1

Arthur Rimbaud

ဒီမိုကရေစီ

အလံက မြင်ကွင်းဆိုးနန့်လိုက်တေ၊
ငါရို့စကားကြီးစကားကျယ်တိက
ဒရင်သံကို လုံးလုံးထွီးထွီးဖြစ်အောင်ပျင်ရေ
မဟာစန်တာကြီးတိမှာ
ထိုးကန်အကျဆုံး ပြည့်တန်ဆာမှုတိကို ပြုစုကတ်တေ။
ကျိုးကြောင်းညီညွတ်တေ သူပုန်ထစော်တိကို သတ်ပွဲချကတ်ဖို့။

အနံ့အရသာစူးစူးနန့် ဘုတ်ဘုတ်စွတ် တိုင်းပြည်တိမှာ
လုပ်ငန်းအရဖြစ်ဖြစ် စစ်ရေးအရဖြစ်ဖြစ်
အဆိုးဆုံး အမြတ်ထုတ်မှုတိအတွက် တာဝန်ထမ်းယက်ပင်း၊
ဇာနီရာပင် ဖြစ်ဖြစ်၊ အေနီရာကို နှုတ်ဆက်ခယင့်။

စိတ်စေတနာကောင်းနန့် စစ်မှုထမ်းရို့
ငါရို့ ဒသနက အရက်စက်ဆုံးဟိလီဖို့၊
သိပ္ပံပညာကို လျစ်လျူပြု စည်းစိမ်ဇိမ်ကို ငမ်းငမ်းတက်လို့။
ပြီးကေ အရာတကမ္ဘာလုံး ဖားပြုတ်ပိုင်အော်ကတ်ပတ်စီ။
အေချင့်က အဂင့်တိုးတက်မှုဗျာလ်ယေ။
ချီတက်မိန့်တိဝေး၊ လားကတ်မေဖိ ။

Arthur Rimbaud

Philippe Soupault 1

Portrait by Robert Delaunay 1922

ဂျော်ဂျီယာ

ငါ အိပ်နီစော်မဟုတ်ပါ ဂျော်ဂျီယာ
ငါ့ ညဥ့်ကို မျှားနန့်ပစ်နီစော်မဟုတ်ပါ ဂျော်ဂျီယာ
ငါ စောင့်နီစော်ပါ ဂျော်ဂျီယာ
ငါ အတွက်ခံနီစော်ပါ ဂျော်ဂျီယာ
မီးက နှင်းပိုင်ဗျာလ်ကာ ဂျော်ဂျီယာ
ညဥ့်က ငါ့ အိမ်နားပါးချင်းပါ ဂျော်ဂျီယာ
အသံချေတသံချင်းစီကို ငါ နားထောင်နီစော်ပါ ဂျော်ဂျီယာ
မီးခိုးက တက်လာပနာ ရွှင့်ပါလားစော်ကို ငါမြင်ပါရေ ဂျော်ဂျီယာ
အရိပ်အောက်မှာ ခဲဝါကျားတကောင်ပိုင် ငါ လမ်းလျှောက်နီမိရေ ဂျော်ဂျီယာ
ငါ ပြီးနီရေ ဒေမှာ လမ်းတိ မြို့စွန်တိမှာပါ ဂျော်ဂျီယာ
ဒေမှာမြို့တမြို့ တူတူဗျာလ်
ဒေချင့်ကို ငါ မသိခပါ ဂျော်ဂျီယာ
ငါ ဒုန်းစိုင်းနီရေ ဒေမှာ လီပါ ဂျော်ဂျီယာ
ပြီးကေ အီးစက်မှုနန့် တိန်းဆိတ်မှုနန့် အကြောက်တရားနန့်ပါ ဂျော်ဂျီယာ
ငါ ထွက်ပြီးနီရေ ဂျော်ဂျီယာ
ငါ ပြီးနီရေ ဂျော်ဂျီယာ
မိုးရိပ်တိက အနိမ့်ချေ သူရို့ပြိုကျဖို့ဗျာလ် ဂျော်ဂျီယာ
ငါ့ လက်တိကို ဆန့်ထုတ်လိုက်တေ ဂျော်ဂျီယာ
ငါ့မျက်စိတိကို မမိတ်ထားပါ ဂျော်ဂျီယာ
ငါ ခေါ်ရေ ဂျော်ဂျီယာ
ငါ ငိုရေ ဂျော်ဂျီယာ
ငါ ခေါ်ရေ ဂျော်ဂျီယာ
ငါ နင့်ကို ခေါ်ရေ ဂျော်ဂျီယာ
နင်လာဖို့လား ဂျော်ဂျီယာ
ချက်ချင်းပါ ဂျော်ဂျီယာ
ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ
ဂျော်ဂျီယာ
ငါ အိပ်နီစော် မဟုတ်ပါ ဂျော်ဂျီယာ
ငါ နင့်ကို စောင့်နီစော်ပါရာ ဂျော်ဂျီယာ

Philippe Soupault

ေပါ ဧလွာ ၁ ၂ ၃ ၄ ၅ ၆

Paul Eluard

ကမ္ဘာက လိမ္မော်သီးတလုံးပိုင် အပြာ

ကမ္ဘာက လိမ္မော်သီးတလုံးပိုင် အပြာ
အမှားတခုမဟုတ် စကားလုံးတိက မလိမ်
တေးခြင်းဆိုဖို့လိုစော်ကို သူရို့ကမပီးဗျာလ်
အဆင်ပြေဖို့က အနမ်းတိနန့်ရာဆိုင်ရေ
ရူးနီရေလူတိ ချစ်နီရေလူတိ
သူ သူ့သမက်တက်ပါးစပ်
လျှို့ဝှက်ချက်အားလုံး အပြုံးတိအားလုံး
ဇာပိုင် ရက်ရောရေ အဝတ်အစားလေ့ချင့်
သူက လင်းကြဲပိုင်ဗျာလ်

နကျယ်ကောင်တိက စိမ်းပနာ ပန်းပွင့်နီကတ်တေ
အရုဏ်ဦးက ပြတင်းပုတီးတပင်ကို
သူ့လိုင်ပင်းမှာ ဆွဲထားရေ
တောင်ပံတိက အရွက်တိကို အုပ်ထားရေ
သူရိယသုခတိအားလုံးစော် နင်
ကမ္ဘာက၊နင့်ချစ်ဖို့ကောင်းရေ လမ်းတိအားလုံးက
နီရောင်ထိန်ထိန်တိအားလုံးစော် နင်

The Earth is blue like an orange By Paul Eluard

ချစ်တေ

သူက ငါ့မျက်ခမ်းတိထက်မှာ ရပ်နီရေ
သူ့ဆံပင်က ငါ့ဆံပင်ထဲမှာ
သူ့မှာ ငါ့မျက်လုံး အရောင်နန့်
သူ့မှာ ငါ့လက် ခန္ဓာနန့်
ငါ့အာဝါသမှာ သူ့ကို ဝိုင်းပတ်လို့
အာကာကြားက ကျောက်တခဲပိုင်

သူ့မျက်စိတိကို တခါလေ့မိတ်လီဖို့မဟုတ်
ပြီးကေ သူက ငါ့ကိုလေ့အိပ်စီဖို့မဟုတ်
ထိန်နီရေ သူ့နိဘက်အိမ်မက်တိက
နီတိကို အငွိပျံစီ
ငါ့ကို ရယ်စီ ငိုစီ ရယ်စီ
ပြောဖို့စော်လေ့မဟိပဲနန့် ငါ့ကို စကားပြောစီရေ

Loving Paul Eluard
Samuel Beckett ဘာသာပြန်ရေမူ

ကာဖျူး

ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ တံခါးတိကို စောင့်ကြည့်နီကတ်တေအခါ
ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ယင်းသူရို့က ငါရို့ကို အချုပ်ချထားရေအခါ
ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ လမ်းတိကို ငါရို့အတွက် ပိတ်ပင်ထားရေဆိုခါ
ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ မြို့က အိပ်မောကျနီဗျာလ်ဆိုခါ
ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ သူ(မ)က ဝမ်းဆာ ရီငတ်နီရေ ဆိုခါ
ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ငါရို့က အကာအကွယ်မဟိဖြစ်နီကတ်တေဆိုခါ
ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ညဥ့်က ကျလာဗျာလ်ဆိုခါ
ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ငါရို့က ချစ်နီကတ်ဗျာလ်ဆိုခါ

Paul Eluard

Surrealistဆိုရေ ကဗျာဆရာတိက ကတ်တလောက်နည်းကို အင်တန်သုံးကတ်တေ

by Fernand Leger

လီဘာတီ

ငါ့ ကျောင်းစာအုပ်တိထက်မှာ
ငါ့ စာဖတ်ခုံထက်မှာ အပင်တိထက်မှာ
နှင်းသဲပွင့်တိထက်မှာ
နင့်နာမည်ကို ငါရီးရေ

ငါဖတ်ခရေ စာမျက်နှာတိထက်မှာ
စာရွက်ဖြူတိအားလုံးထက်မှာ
ကျောက်တုံး၊သွီး၊စက္ကူမှာဖြစ်ဖြစ် ပြာမှာဖြစ်ဖြစ်
နင့်နာမည်ကို ငါရီးရေ

ရွှီပုံရိပ်တိထက်မှာ
စစ်သည်ရို့ လက်နက်တိထက်မှာ
သျှင်ဘုရင် သရဖူထက်မှာ
နင့်နာမည်ကို ငါရီးရေ

ညဉ့်ခါသား အံ့ဩဖို့ကောင်းစော်တိထက်မှာ
နိဘက်သား ပေါင်မုန့်အဖြူတိထက်မှာ
ဆက်စပ်နီရေ ရာသီဥတုတိထက်မှာ
နင့်နာမည်ကို ငါရီးရေ

တောကြီးမျက်မဲနန့် ကန္တာရထက်မှာ
အသိုက်တိထက်မှာ စူးခြုံတိထက်မှာ
ငါ့ငယ်ဘဝပဲ့တင်သံထက်မှာ
နင့်နာမည်ကို ငါရီးရေ

ငါ့ မာဖလာအပြာအားလုံးထက်မှာ
နီရောင်ကျနီရေ စွတ်စွတ်ထိုင်းထိုင်း ဘိတ်အိုင်ထက်မှာ
အသက်ဝင်နီရေ လရောင် ရီကန်ထက်မှာ
နင့်နာမည်ကို ငါရီးရေ

လယ်ပြင်တိထက်မှာ မိုးကုပ်စက်ဝန်းထက်မှာ
ငှက်ရို့ အတောင်ပံတိမှာ
ပြီးကေ အရိပ် စက်ရုံထက်မှာ
နင့်နာမည်ကို ငါရီးရေ

မိုးသောက်စ အနံ့တဝေ့တိုင်းထက်မှာ
ပင်လယ်ထက်မှာ၊ဘုတ်တိထက်မှာ
သူငယ်ပြန် တောင်ထိပ်ထက်မှာ
နင့်နာမည်ကို ငါရီးရေ

မိုးရိပ်အမြုပ်တိထက်မှာ
မုန်တိုင်းချွေးထက်မှာ
မိုးထူထူနန့် ပြင်ကျင်းထက်မှာ
နင့်နာမည်ကို ငါရီးရေ

တဖြတ်ဖြတ်လှုပ်နီရေ ပုံပန်းတိထက်မှာ
ရောင်စုံ ခေါင်းလောင်းတိထက်မှာ
သဘာဝသစ္စာထက်မှာ
နင့်နာမည်ကို ငါရီးရေ

အမြင့်လမ်းတိထက်မှာ
တပ်စွဲထားရေ လမ်းကြောင်းတိထက်မှာ
လူတိကျိပ်ကျခတ်နီရေ ရင်ပြင်ထက်မှာ
နင့်နာမည်ကို ငါရီးရေ

မီးထွန်းထားရေ မီးအိမ်ထက်မှာ
မီးမထွန်းထားရေ မီးအိမ်ထက်မှာ
ပြန်ပေါင်းထားရေ ငါ့စိတ်ကူးတိထက်မှာ
နင့်နာမည်ကို ငါရီးရေ

နှစ်ခြမ်းခွဲထားရေ ငါ့မှန်နန့် ငါ့အခန်း
အသီးတလုံးထက်မှာ
ဗလာအခွံတခု(ဖြစ်တေ) ငါ့ အိပ်ရာထက်မှာ
နင့်နာမည်ကို ငါရီးရေ

စိတ်ထားမြတ်ပနာ လောဘကြီးရေ ငါ့ခွီးထက်မှာ
စွင့်နီရေ သူ့နားတိထက်မှာ
ရူးရူးနှမ်းနှမ်းမှားတတ်တေ သူ့ခြီသည်းတိထက်မှာ
နင့်နာမည်ကို ငါရီးရေ

ငါ့တံခါး မင်းတုံးထက်မှာ
ယင်းရင်းနှီးပြီးသား အရာဝတ္ထုတိထက်မှာ
မီးကောင်းကောင်း ရီစီးကြမ်းတိထက်မှာ
နင့်နာမည်ကို ငါရီးရေ

အသွီးအသား ဟာမိုနီထက်မှာ
ငါ့သူငယ်ချင်းတိ မျက်နှာထက်မှာ
ဆန့်ထုတ်ထားရေ လက်တဖက်စီထက်မှာ
နင့်နာမည်ကို ငါရီးရေ

အံ့အားသင့်စော်တိ ပြတင်းထက်မှာ
တိန်းဆိတ်စော်က အများပိုနက်ယှိုင်းရေ
မျှော်လင့်နီရေ နှုတ်ခမ်းတစုံထက်မှာ
နင့်နာမည်ကို ငါရီးရေ

ပြိုနီရေ ငါ့ ပုန်းဖို့နီရာတိထက်မှာ
မြုပ်နီရေ ငါ့မီးပြတိုက်တိထက်မှာ
ငါ့ထရံတိထက်မှာ ငါ့စိတ်ပျက်ညီးငွေ့မှုထက်မှာ
နင့်နာမည်ကို ငါရီးရေ

ဆန္ဒမဟိရေ ပျက်ကွက်မှုထက်မှာ
လင်းကြဲ ဧကစာရီထက်မှာ
သီမင်း ချီတက်စော်တိထက်မှာ
နင့်နာမည်ကို ငါရီးရေ

ပြန်တောက်လာရေ ကျန်းမာရေးထက်မှာ
လျော့ပါလတ်တေ အန္တရာယ်ထက်မှာ
အတွက်ရမှုမဟိရေ မျှော်လင့်ချက်ထက်မှာ
နင့်နာမည်ကို ငါရီးရေ

ပြီးကေ စကားလုံတလုံးကို လိုချင်စိတ်နန့်
ငါ့ဘဝကို ငါ အသစ်ပျင်လိုက်တေ
နင့်ကို သိဖို့ နင့်ကို နာမည်ပီးဖို့
ငါက မွီးလာလတ်စော်ကို

Liberty

စပိန် လယ်သမားတယောက်အတွက် သင်္ချိုင်းစာ

ဂျန်နရယ်ဖရန်ကိုက ငါ့ကို စာရင်းသွင်းခရေ
ယေနန့် ငါ စစ်သားအဆိုးတယောက်ဖြစ်လာ
ငါ ထွက်မပြီးခ
ငါကြောက်ခရေ၊မင်းရို့သိပါရေ၊ သူရို့က ငါ့ကို မီပေါက်နန့်ပစ်ဖို့လေ
ငါကြောက်ခရေ၊ယေဇူးနန့်၊စစ်တပ်ထဲမှာ
လွတ်လပ်မှုကို၊တရားမျှတမှုကို ဆန့်ကျင်ပနာ ငါ တိုက်ခရေ၊
အီရန်မြို့က တံတိုင်းတိအောက်မှာလေ။
ယေလေ့ သီမင်းက ငါ့ကို မီလာလတ်စော်ဗျာလ်ရာဝေ။

Epitaph for a Spanish Peasant

လင်းကြဲတုံးလုံး သစ္စာ

စိတ်ပျက်စော်မှာ အတောင်ပံတိမဟိ
အချစ်မှာလေ့ မဟိ
မျက်နှာထားမဟိ
သူရို့က စကားမပြောကတ်
ငါက မရှံ့
ငါက မကြည့်
ငါက သူရို့ကို စကားမပြော
ယေလေ့ ငါ့စိတ်ပျက်စော်နန့် ငါ့အချစ်ပိုင် ငါက အစစ်အမှန်ပါရာ

nakedness of the truth paul eluard

Osip Mandelstam Poems

ညဉ့်ခါသား ခြံပြင်မှာ ငါ ရီဆီးနီခရေ
အာကာတိက ကြယ်အကြမ်းတိနန့် ထိန်နီရေ
ပေါက်ဆိန်တလက်ထက်က ဆားပိုင် ကြယ်ရောင်တရောင်
ရီဒေါက ဘောင်းဘောင်းပြည့် အီးအီးစက်စက်

လက်ခုပ်သီးတလုံးက ဂိတ်ဝကို လုံခြုံအောင်ပျင်ထားရေ
ပြီးကေ အသိတရားက ကမ္ဘာကို ပိုတည်ငြိမ်မှုပီးရေ

အသစ်ခြုပ်ထားရေ အဝတ်မှာ သစ္စာတရားထက် ပိုသန့်စင်ရေ

စံတခုကို ဇာနီရာမှာပင်ဆိုဆို ရှာဖို့ခက်တေ

ဆားပိုင် ကြယ်တလုံး ဒေါမှာ အရည်ပျော်နီရေ
ရီခဲအောင်အီးရေ ဆောင်းက ပိုလို့ မဲသိရေ
သီခြင်းက ပိုသန့်စင် ဖီးအန္တရာယ်က ပို ဆားငံရေ
ကမ္ဘာမြီကြီးက ပိုမှန်ကန်ပနာ ပိုလန့်ဖို့ကောင်းရေ

Osip က ကဗျာများကာကို ေခါင်းစဉ်ပီးေလ့မဟိ

ဂျွင် အက်ရှ်ဘယ်ရီ ၄

ဘဝက အိမ်မက်တခု

ကိုယ့်ဖို့ကိုယ် ဖြစ်မြောက်အောင် လုပ်နိုင်ရေအရည်အချင်းတခုက

မင်းကို အဝီးဆုံး ရောက်စီကေ သစ်ဆိုင်ဘေးက နီရာအလွတ်လောက်ဆီဗျာလ်။ယေမှာ သူရို့မှာ နာမည်ခေါ်စာရင်းဟိရေ။

ငါ့နာမည်က အေ နန့်စရေ

ဆိုခါ ပထမဆုံး အအော်ခေါ်ခံရဖို့ထဲက တယောက်ပါ့ယေ။

ငါက ဇာမှာ ရပ်ရဖို့လဲကို မှန်းမကျနိုင်တုန်းသိ။ယင်း အရာသုံးယောက် လေးယောက် အုပ်စုက လိုင်းအစ မသေလာ။

ငါ စူးစမ်းလို့သိဖို့ပင် မရလိုက်ခင် ကြွက်နန့်တူရေ လူတယောက်က ငါ့ပခုံးတိကို လာတိုးရေ။ “ယင်းလမ်းဝေး” မာန်ပါသံနန့်ပြောရေ။ “သူရို့ မင်းကို ကျောင်းမှာ တခုလေ့ မသင်ပီးခကတ်လား။ဇာချင့် ဓါတ်ပုံမဆို အဂင့်ဖြစ်နိုင်ရေ၊  မဖြစ်ချင်လေ့ မဖြစ်ဆိုစော်ကို။မီးဖိုထောင့်၊ နီဝင်ခါနီးအချိန်မှာ မှက်ကောင်ချေ တအုပ်။”

နောက်ခါ ပိုသိလာဖို့ အခွင့်အလမ်းဟိရေ ဆိုစော်ကို ငါ သိပါရေ။လောလောဆယ် လိုလာနီစော်က စောင့်ဖို့စော်ဗျာလ်။

ဘဝက ဇာချင့်မဆို ဖြစ်နိုင်ရေဆိုစော် မှန်ပါရေ။ယလေ့ တချို့စော်တိက လုံးဝ ဘဝမဟုတ်စော်သေချာရေ။

ဥပမာ   ဆက်ဟိနီဖို့ ရည်ရွယ်ထားပိုင်မျိုးနန့်

ငါ့ လက်ထဲကို စိတ်ချလက်ချ ချောသွင်းလာရေ ဒေလက်အိတ်စွပ်ထားရေလက်ပါ့ ။

Life is a Dream by John Ashbery

၁ အက်ရှ်ဘယ်ရီ အသက် ၇၃ နှစ်အရွယ် ၂၀၀၀ခုနှစ်မှာထုတ်တေ your name here စာအုပ်မှာပါရေကဗျာ

ဇရာကို ရောက်ပြီးမှ ရီးရေကဗျာ ဇရာ ဘဝ နိဂုံးတိ မြင်ရပိုင်တွိရေ ဥပမာ နာမည်ခေါ်စာရင်း၊နီဝင်ခါနီး၊နောက်ခါ ပိုသိလာဖို့ အခွင့်အလမ်း၊ စောင့်ဖို့စော် etc

၂ လိုင်း Line တန်းစီနီရေ လူတန်းလို့ ပြောကေရဖို့၊ ယေလေ့ ကဗျာမှာ လိုင်းရေ ကဗျာပါစာကြောင်း ကဗျာမှာ အခြေခံအကျဆုံးထဲက တခု။

၃ တရားသဘောတိလား ဥပမာ မီးဖိုထောင့်၊မှက်ကောင်၊ပိုးဖလံမျိုး မီးကိုတိုးလား

ဇင် Zen ဘာသာရေး အရီးအသားတိပိုင်လာ ဥပမာ အဂင့် ဖြစ်နိုင်ရေ ဆိုရေ အရာမဖြစ်ချင်မဖြစ် 

(ဘာသာရေးကိုတော့မသိပါ ရီးပုံသားပုံကိုရာ ပြောစော်ပါ)

၄ ကျောင်း  စာသင်ကျောင်းလား ဘဝဆိုစော် သင်ယူနီရရေ ကျောင်းလား 

စာသင်ကျောင်းနန့် ပတ်သက်ကေ သူ့ အရာကဗျာတပုဒ်မှာလေ့ တွိစော်က “စာသင်ကျောင်းက အားလုံးကို ဝဖြီးချပ်နန့် ခြစ်ချရေ”လတ်

၅ မရေမရာတိ ဥပမာ မှန်းမကျ၊သိဖို့ပင် မရလိုက်၊ပို သိလာဖို့ etc

ေဝါေလ့ စတီဗန်စ် ၆

The One manifests as the many, the formless putting on form. (Rig Veda ~ 1200 B.C.).

ဆရာကြီးတပါး၏ ရူပကတိ

တံတားတစင်းကို ဖြတ်လို့ ရွာတရွာကို ဝင်လာရေ
လူနှစ်ဆယ်က
တံတားအစင်းနှစ်ဆယ်ကို ဖြတ်လို့ ရွာ နှစ်ဆယ်ကို ဝင်လာရေ
လူနှစ်ဆယ်
မဟုတ်ကေ တံတားတစင်းထဲကို ဖြတ်လို့ ရွာတရွာကို ဝင်လာရေ
လူတယောက်။

အေချင့်က တေးခြင်းဟောင်း
ကိုယ့်ဖို့ကို ကြေငြာလီဖို့မဟုတ်…..

တံတားတစင်းကို ဖြတ်လို့ ရွာတရွာကို ဝင်လာရေ
လူနှစ်ဆယ်
က
တံတားတစင်းကိုဖြတ်လို့ ရွာတရွာကို ဝင်လာရေ
လူနှစ်ဆယ်။

ယင်းချင့်က ကိုယ့်ဖို့ကို ကြေငြာလီဖို့မဟုတ်
ယေလေ့ သေချာပါရေ အဓိပ္ပါယ်က….

ယင်းလူရို့ ဖိနပ်တိက စုနီလီဖို့
တံတားပျိုင်ခင်းတိထက်မှာ။
ပထမဆုံး ရွာတပ်ရိုးအဖြူက
သစ်သီပင်တိကြားကနီ မြင့်တက်နီရေ။
ယင်းချင့်အကြောင်းကို ငါ အတွက်ခံနီစော်လာ။
ယေနန့် အဓိပ္ပါယ်က လွတ်ထွက်လားစော်။

ပထမဆုံး ရွာတပ်အဖြူ…..
သစ်သီးပင်တိ……

Metaphors of a Magnifico Wallace Stevens

“လ”မျှားခြင်း

မိန်းမတယောက် ဝတ္ထုရီးဖို့ဆိုကေ သူ့မှာ ဖေ့သာနန့် ကိုယ်ပိုင် အခန်းတခန်းဟိရဖို့
ဗာဂျီးနီးယား ဝုဖ်

Greta Knutson က ပြင်သစ်စကားနန့် ကဗျာရီးရေ ဆွိ။ပြင်သစ်ဆူရီယယ်ကဗျာဆရာမတယောက်။ပန်းချီဆရာမအဖြစ်နန့် ပိုလူသိများရေ။ဒါဒါ အရွိမှာ ခေါင်းကိုင်တယောက်ဖြစ်တေ Tristan Tzaraနန့် အိမ်ထောင်ကျဖူးရေ။ Tristanလေ့ ပြင်သစ်စကားနန့်ကဗျာရီးရေ ရိုမေးနီးယန်း။မကွဲကတ်ခင်ထိ Greta Knutson-Tzaraရို့ ဆိုင်းထိုးခရေလို့ဆိုရေ။

“လ”မျှားခြင်း

ခုံတန်းမှာရှိကိုကိုင်းလို့ ထိုင်နီရေ တယောက်က နင်မဟုတ်။
ပရံလူတယောက်ဒူးထက်မှာတင်ထားရေ လက်က နင့်လက်မဟုတ်၊ နင့်မျက်နှာလေ့ မဟုတ်ပါလေ။
နင့်နှလုံးခုန်သံ တချက်စီနောက်က နောက် တချက်စီလိုက်လာဖို့။သေချာမှု က ရှင်နီတုန်း။ မြက်တောက တခုကိုလေ့ မကြောက်မလန့်ပဲနန့်ရာသိ။ ချက်ချင်း မင်းက ငါ့ကို အမိန့်နန့်ခေါ်ဖို့ ၊ငါ့ခြီလှမ်းတိနန့် နင့်ခြီလှမ်းတိ သဲတောရှင်မှာ ပေါင်းမိကတ်ဖို့။
ခြီရာလက်ရာတခုလေ့ မချန်ခပဲနန့် တေးခြင်းတိက ပေါ်လာလိုက် ပျောက်လားလိုက်ဟိနီဖို့။
အကြောက်တရားမမွီးသိခင် အချေတယောက်မျက်လုံးတိနန့် အရာဝတ္ထုတခုချင်းစီက ငါရို့ကို ကြည့်နီကတ်ဖို့။
တောင်တိ မီးလောင်နီကတ်တေ၊ ငါက ထထွတ်ကြွီအောင် ဖျက်စီးခံထားရေ တိုင်းပြည်တပြည်။

Greta Knutson
Moon Fishing

Collage 1

Source Wikipedia

မိုင်ကယ်ပင်းမား စာကြောင်းတိ

ဟယ်လို ဂိုဇို၊ အေမှာ ငါရို့၊
လည်နီရေကမ္ဘာ၊ အေလောက် ခရီးပေါက်လတ်ဗျာလ်လာ။
အေချင့်ကို ရီး၊ သူရို့ရွာတိအားလုံးကို ငါရို့ မီးတိုက်ပစ်ခကတ်တေ။
ငါ အင်္ဂလိပ်စကားမတတ်။
အေချင့်ကို ရီး၊ သူရို့ရွာတိအားလုံးနန့် ယင်းမှာနီရေလူတိအားလုံးကို ငါရို့ မီတိုက်ပစ်ကတ်တေ။
ငါ အင်္ဂလိပ်စကားမတတ်၊ ယေဇူးနန့်၊ ဝမ်းဆာကေ ပါးစပ်ပေါက်ကိုစီရာ လက်ညိုးထိုးပြနီဖို့ကလွဲကေ တခုလေ့မတတ်နိုင်။
နှင်းထက်ကို မင်နန့် မျက်နှာသစ်နီလာ
ငါ ညီးနီဗျာလ် ဂိုဇို
ငါရို့နန့် ငါရို့မဟုတ်စော်ကို
သွီးစက်ရုံတိကို ညီးနီဗျာလ်။
ဆောင်းနှင်းဆီတိက မမြင်ရ။
နောက်ကျရေ ရီခဲက တခါတလီ တေးခြင်းဆိုရေ။
ကကြီး နန့် ကကြီးမဟုတ်စော်က တူတူပါရာ။
ငါ အင်္ဂလိပ်စကားမတတ်၊ ယေဇူးနန့် အေတခုလေ့မဟုတ်တေ ပန်းချီကားကို ယင်းတခုခုဟုတ်တေ ပန်းချီကားထက် ငါ ပိုကြိုက်တေဆိုစော်ကို ဆက်သွယ်ပြောပြဖို့နည်း ငါ့မှာမဟိ။
ငါက ကိုလိုဖွင်က လာလတ်စော် မဟုတ်တာ့ ကျွန်းချေတကျွန်းကလာလတ်စော်။
မှတ်စုစာအုပ်မှာ ပြောထားစော်က အေချင့်က မျိုးဗီဇပြောင်းလဲချိန် ပျက်လုံးတိကို ရယ်ကတ်ချိန်၊ စကားဘောင်ကို ကျော်နီရေ လျှို့ဝှက်ချက်တိအချိန်လတ်။
လခြမ်းကမ်းခြီမှာ ရီမြုပ်နီရေ သမင်တကောင်။
ကမ္ဘာက နီရာလွဲနီစော်တိ အားလုံးပါရာ။

………

Michael Palmer ရီးရေ Sun,I Do Not,aDream of a Language that Speaks,Autobiography ကဗျာတိထဲက စာကြောင်းတိကို စံမိုးငြိမ်းေရာစီေရ

ဂျွင် အက်ရှ်ဘယ်ရီ ၃

fr Wiki

 လူမဲ မင်းသား 

တောထဲက ခြီသံတသံ ဟိလီဖို့

မဟုတ်တာ့ ကြွက်ဘုရင်ကြီးဘားက ဒိတ်အောက်နီရေ ရုံးစာတစောင် ဟိလီဖို့

နယ်စပ်ကို ပြန်လတ်ဖိ၊အားလုံးကို ခွင့်လွတ်တေလို့ (ယင်းစာမှာ) ပြောထားရေ။ 

ယေလေ့ မြီပုံမှာမပါရေ ကျွန်းချေတကျွန်းက ကမ်းခြီထက်မှာ 

ဗစမ်းဗရမ်း​တိပြောယင်းနန့် သူက လမ်းပျောက်နီရေ။

သူ့အမူအယာတိနန့် စကားကို တွဲလို့ကြည့်ကေတော့ခါ အဓိပ္ပာယ်အပြည့်အဝပေါ်ပါရေ။

လီက ယင်းနှစ်ခုကို ကွဲလားအောင် တိုက်ပလိုက်ခါမှရာ

ယင်းချင့်တိက အရာမရောက်ဖြစ်လားစော်၊တချို့ရို့အတွက်ရာ အရာရောက်တေ ဖြစ်လားစော်။ 

The Black Prince by John Ashbery 

          1950 60 လောက်ကဆိုကေ Blackတိက အမေရိကန်မှာ marginalizedဖြစ်တုန်း။ ဆိုကေ အေ Blackက  အပယ်ခံကို ညွှန်းလာ။

           F T Prince က တောင်အာဖရိကက ကဗျာဆရာ။လူဖြူ အာဖရိကန်ရာ။Soldiers Bathing ဆိုရေ သူ့ကဗျာတပုဒ်ကိုရာ လူတိက အမှတ်တရဟိကတ်စော်များရေ အရာသူ့ကဗျာတိက ကောင်းအတူးမခံကတ်လို့ဆိုရေ။ အေချင့်ကတော့ခါ ဝေဖန်ရေးတိက တဆင့်သိရစော်တိပါရာ။ယင်းချင့်တိကို မသိကေလေ့ အေကဗျာကို ဆက်ဖတ်လို့ ရရေထင်ပါရေ။

          ဗစမ်းဗရမ်းပြောနီကေလေ့ အမူအယာနန့်တွဲကြည့်ကေတော့ခါ ဇာပြောချင်စော်လေ မှန်းလို့ကျနိုင်ရေမလား။စိတ်မငြိမ်ဖြစ်နီရေ မတင်မကျဖြစ်နီရေ ဆိုစော်တိကို ခံစားမိနိုင်စော်ဗျာလ် မလား။ တခါတခါ တခုခု က ယင်းအတွဲအစပ်ကို ဖျက်ပလိုက်ခါမှရာ မှန်းရ ခက်လားစော်မလား။လူလူချင်း ဆက်သွယ်မှုမှာ Verbal communication ကဝေါ်မျှလောက်ပါလေ။မျှလောက် တကျလေ။ စကားလုံးတိနောက်မှာ အမှန်ဟိနီစော်တိ မဟိနီစော်တိကို မှန်းကြည့်လို့ ရခါလေ့ ရရေမဟုတ်လား။

      တချို့တိအတွက်တော့ခါ ယင်း ဗစမ်းဗရန်းတိ အရာရောက်တုန်းသိရာလေ။ဇာပင်ဆိုဆို။

ဂျွင် အက်ရှ်ဘယ်ရီ ၂

Photo Credit

အက်ရှ်ဘယ်ရီက သတင်းစာတိ၊မဂ္ဂဇိင်းတိ၊ဂန္ထဝင်ပန်းချီတိနန့် တခြားအရင်းအမြစ်တိကနီတဆင့် မြင်ရရေ ပဋိပက္ခဆန်ရေ ကမ္ဘာ့မြင်ကွင်းတိကို ထင်သာအောင်ကောက်နှုတ်ပြတတ်တေ။ fr Publishers Weekly

Ashbery ကို Difficult Poet လို့ဆိုကတ်တေ။ မှန်းဆရခက်တေ ကဗျာတပုဒ်ကို ရိုးရေ Catalogueနည်းနန့် ဖွဲ့ထားရေထင်ပါရေ။

သူရို့ ဇာလိုချင်ခလေ သူရို့သိခရေ

သူရို့အားလုံး သမီးသျှင်မကို နမ်းခကတ်တေ။

သူရို့အားလုံး ရယ်ခကတ်တေ။

သူရို့ ထိုးအာကာသက လာခကတ်တေ။

သူရို့ ညဉ့်ခါလာခကတ်တေ။

သူရို့ မြို့တမြို့ကို လာခကတ်တေ။

သူရို့ အမေရိကကို ဖောက်ခွဲဖို့လာခကတ်တေ။

သူရို့ လာ့စ်ဗေးဂတ်စ်ကို ဓါးမြတိုက်ဖို့ လာခကတ်တေ။

သူရို့ မချစ်ဝံ့ကတ်။

သူရို့ ဘုတ်ဖိနပ်မချွတ်ပဲ သီခကတ်တေ။

သူရို့ မြင်းတိကို သေနတ်နန့်ပစ်ခကတ်တေ၊မဟုတ်လား။

သူရို့ အကြီးအကျယ်ပေါက်တေ။

သူရို့ ငါလိုစော်ကို လုပ်ပီးကတ်တေ။

သူရို့ နှုန်းချင်းထဲပျံခကတ်တေ။

သူရို့ သူ့ကို သေနတ်တလက်ပီးခကတ်တေ။

သူရို့ အိမ်ထောင်ပြုကတ်ရရုံ။

သူရို့ နီခကတ်။သူရို့ ဘဝကို ချစ်ခကတ်တေ။

သူရို့ ညဥ့်မှာနီကတ်တေ။

သူရို့ ညဥ့်မှာမောင်းကတ်တေ။

သူရို့ မစ္စတာနှိုက်ကို သိခကတ်တေ။

သူရို့က ချဲ့လို့ကားလို့ရရေ။

သူရို့ အာဂျင်တီးနားမှာတွိခကတ်တေ။

သူရို့ ဘုံဘေမှာတွိခကတ်တေ။

သူရို့ အမိုက်မှာတွိခကတ်တေ။

သူရို့က ဧရာမအကောင်ကြီးတိဟိဖို့။

သူရို့ငါ့ကို ဝရမ်းပြီးဖြစ်အောင်လုပ်ခကတ်တေ။

သူရို့ ငါ့ကို ရာဇဝတ်သားဖြစ်အောင်လုပ်ခကတ်တေ။

သူရို့က သူရို့သခင်တိကိုသတ်ခကတ်ရုံရာ။

သူရို့ ဂီတသံကို ရရဖို့။

သူရို့က ညီအစ်မတိ။

သူရို့က ငါ့ကို ဘရုစ်လို့ခေါ်ကတ်တုန်းသိ။

သူရို့ငါ့ကို ယုံလီဖို့မဟုတ်။

သူရို့ မိလီကတ်ဖို့မဟုတ်။

They knew what they wanted John Ashbery