ကဲနတ် ကို့ခ် ၃

အမြဲတမ်း

တရက်နိ လမ်းထက်မှာ နာမ်တိ ပြုံနီကတ်တေ။
မိုက်မှောင်ရေ သူ့(မ)အလှနန့် နာမဝိသေသတလုံး ဘေးနားက လမ်းလျှောက်လားခရေ။
နာမ်တိမှာ အပုတ်ခံ အရွိခံ အပြောင်းခံလိုက်ကတ်ရရေ။
နောက်တရက်နိ ကြိယာတလုံး မောင်းချလာပနာ ဝါကျတကြောင်းကိုဖန်တီးရေ။

ဝါကျတကြောင်းချင်းစီက ကိစ္စတခုစီပြောကတ်တေ။

ဥပမာ နာမဝိသေသ လျှောက်လားခရေနိက

         မိုက်မိုက်စမ်းစမ်းနန့် မိုးရွာနီကေလေ့

သူ့မျက်နှာထက်က သန့်စင် ချိုမြရေ ရုပ်ချေကို

အေ ထိထိရောက်ရောက်ကမ္ဘာစိမ်းမှာ

ငါ ပျက်စီးလားရေနိထိ မိလို့ရလီဖို့မဟုတ်ဗျာလ်ဝေ။

မဟုတ်တာ့ “ပြတင်းပေါက်ကို တချက်ချေ ပိတ်ပီးဖို့လား အင်ဒရူး။”


မဟုတ်တာ့ ဥပမာ ကျေးဇူးပါဝေ၊အနားက ဘွိုင်လာစက်ရုံကလာရေ

အပူကြောင့်နန့် ပြတင်းဘောင်ထက်က ပန်းရောင်ပန်းအိုးက တလောကမှ အဝါဖျော့ပြောင်းလားခစော်။

နွီဦးပေါက်မှာ ဝါကျတိနန့် နာမ်တိက မြက်တောထဲမှာ တိန်းလို့လဲနီကတ်တေ။
အထီးကျန် သဗ္ဗန္ဓတလုံးက ထိုနား ဒေနားကနီ အော်ခေါ်ဖို့ “ပြီးကေ” “ယကေလေ့”
ယကေလေ့ နာမဝိသေသက ပေါ်မလာ။

နာမဝိသေသက ဝါကျထဲမှာ ပျောက်လားခပိုင်မျိုး
ငါက နင့်မျက်စိတိ နားတိ နှာခေါင်းနန့် လိုင်ခြောင်းထဲမှာ ပျောက်ကျလားခဗျာလ်။
ဘာသာစကား ပျက်စီးလားခရေအထိ တခါလေ့ ပြန်ပျင်လို့ ရလီဖို့မဟုတ်တေ အနမ်းတပွင့်နန့်

နင်ငါ့ကို ဖမ်းစားပစ်ခဗျာလ်

Permanently Kenneth Koch

Michael Palmer 1

မိုးပြာ

အယင်အပတ်က ကျနော် ဂျွင်အက်ရှ်ဘယ်ရီကို စာအုပ်တအုပ် ပြန်ပီးခရေ။ယင်းစာအုပ်က ၁×၁×၁ စင်တီမီတာ ဥသုံညီကုဗတခု။”အူး မိုင်ကယ် မင်း ယင်းစာအုပ်ကို ယူထားစော် ဆယ့်နှစ်နှစ်ကြာရေဝေး။ဇာအတွက်နန့် အေလောက်ကြာနီရစော်လေ။” “အေစာအုပ်က အံ့ဖို့ကောင်းလောက်အောင်သိပ်သည်းရေ။စကြဝဠာက ဒြပ်မဲ ဆယ်ပုံကိုးပုံနီးပါးကို အတွင်းထဲမှာ သိပ်ထားပိုင်မျိုး။ပြီးကေ ယင်းမိုးပြာရောင် အဖုံးကြောင့်လေ့ ငါ ဆကေ တွန့်နီခရေ။ အေစာအုပ်က သင်္ကေတဝါဒလက်ရာတခု ဖြစ်နိုင်ရေလို့ ငါထင်ခရေ။ငန်းတိ ရီခဲတိအကြောင်းတိ။ယေပြီးနာ မင်းသိပါရေ ငါက ယင်းအဖြစ်အပျက်ဖြစ်ပြီးရေထဲကပင် ငါ ငန်းတိကို မနစ်မြို့..” “သူမ ပြန်လို့က နလန်ထခယင့်လား”ဂျွင်က မီးရေ။”အပြင်ပန်းက အဆင်ပြေပါရေ။ယေလေ့ အမှန်က သူ အယင်ပိုင် တခါလေ့ ပြန်မဖြစ်ခဗျာလ်။” “ငါလေ့ အေနိ ခါတိုင်းခါပိုင်မတွိဝေ။ယေလေ့ အေစာအုပ်ကို ပြန်ရလို့ ငါပျော်ပါရေ။ယင်းခေါင်းစဥ်အဆန်းကို ငါ ရက်ပြတ်ကြိုက်ခစော်။ယင်းခေါင်းစဉ်က ဇာအဓိပ္ပါယ်လို့ မင်းထင်လေ။”

L’AZUR by michael palmer

တဒ် ဘယ်ရီဂန် ၁၁

Photo Credit

ခရိစ်နန့် တူတူနီခြင်း

နင့်ညာဘက် ဖေ့သာအိတ်ထဲမှာ
သပုန်တချောင်းဟိနီစော်က စိတ်လှုပ်ယှားဖို့မကောင်း
ပျင်းဖို့တော့ခါလေ့ မကောင်း
ယင်းချင့်က ၁၉၆၅ခု အမေရီကန်မှာ ဖြစ်နီခရေဆိုစော်ရာ

ကမ္ဘာမှာ ငြိမ်းချမ်းမှုမဟိခဆိုကေ ယင်းချင့်က
လူတိစိတ်ထဲမှာ ငြိမ်းချမ်းမှု မဟိလို့ရာဟိဖို့
ဇာပင်ဆိုဆို မင်းအံ့ဩကြီးကျလားဖို့
အဂင့်ကောင်းရေ ကော်ဖီတခွက်နန့် ဆပြဆကေက
နင့်ရက်ကို ဇာပိုင်ခြားနားအောင် ပျင်နိုင်လေဆိုစော်ကို

၁၉၆၅ မော်ဒယ် “အိမ်မက်”
(ကတ်တလောက်နံပတ် စီအေ ၇၇)မှာ
ပိုင်သျှင်လက်စွဲစာအုပ်ကို
ငါ ကိုင်ထားချင်ရေ

ငါက ကမ္ဘာမှာ ကံအဆိုးဆုံးမိန်းမဘားကနီ ဝီးရေ

ငါက မိန်းတယောက်ဘားကနီ ဝီးရေ

အယ်ကာ ဆယ်ဇာ ပါးမိုလိပ် ပတ်ဆိုးဒန့် ဖဘ်
ကမ်မီကယ် နျူးယော့

ဆင်တကောင် ငါ့နှလုံးသားမှာ လီးလီးကျောက်ကျောက်လားနီရေ

ဆင်အချစ်ထက် ပိုဆိုးစော်တခုလေ့ မဟိ

ကမ္ဘာမှာ ငြိမ်းချမ်းမှုဆကေ ဟိနီသိရေ ၊ညဉ့် ၊နင်က အိပ်နီရေ ငါက ငြိမ်းချမ်းနီရဖို့

ဘာရိုမီတာက ၂၉. ၅၈ ပြီးကေ ရွိနီရေ

ယေလေ့ နင်က အသူလေ

ယင်းအပြင်မှာ နားထောင်နီရေလူ တယောက်ယောက်ဟိလာ

ဟိကေ ငြိမ်းချမ်းမှုဗျာလ်

living with chris ted berrigan

တဒ်ဘယ်ရီဂန် ၁၀

လူပုချေတိနန့် လူသန်ကြီးရို့ တိုင်းပြည်မှာ

အန်ဆမ်! အဒ်မန်!
ငါ့ကို ဆလိပ်ပြာခွက် ကမ်း
ဒေအိမ်က တယောက်လေ့
ဇာပိုင်လေ့ နီမကောင်း ဖြစ်မနီကတ်ဗျာလ်
ပြီးကေ ငါက ဘုရားသခင် ပြီးကေ
သူရို့မျက်နှာတိမှာ အသျှင်
သူရို့ ငါ့ကို ခေါ်ကတ်တေ ဘာဘာ

In The Land of Pygmies & Giants
Ted Berrigan

ေဝါေလ့စတီဗန်စ် ၅

အိုက်စကရိန်းဧကရာဇ်

ဆီးသားလိပ်ကြီးတိ လိပ်တေ အားလာကြီးကိုခေါ်လိုက်
ပြီးကေ မီးဖိုခန်းက ခွက်ထဲမှာ ရမ္မက်ကြွ နို့ချိုင်ကိုမွီခိုင်း
ကလေ့မေချေရို့က ဝတ်နီကျအဝတ်တိ ဝတ်ပနာ
ပျိုင်းပျိုင်းရိရိ လမ်းသလားနီကတ်ပတ်စီ
ကလေချေရို့က အယင်လက သတင်းစာတိနန့်ပတ်ပနာ
ပန်းတိကို ယူလာကတ်ပတ်စီ
ဖြစ်နီစော်ရေ ထင်ရေစာ်မှာ အဆုံးသတ်ခန်း ဖြစ်ပါစီ
တယောက်ထဲသော ဧကရာဇ်က အိုက်စကရိန်း ဧကရာဇ်ပါရာလေ

ဖန်လက်ကိုင်ဘု သုံးလုံးမဟိရေ သစ်ဖြူ အန်ဒမာရီထဲက
တခါက ငှက်ရုပ်တိပန်းထိုးထားခရေ အချာဟတ်ကိုယူ
ပြီးကေ သူ့မျက်နှာကို ဖုန်းဖို့ ယင်းအဟတ်ကို ဖြန့်လိုက်
အသားမာတက်နီရေ သူ့ခြီထောက်တိ အပြင်ထွက်ကျန်ခစော်က
သူ ဇာလောက်အီးစက်နီလေ အသံတိတ်နီလေဆိုစော်ကို ပြစော်ရာဟိလီဖို့
မီးအိမ်က သူ့အလင်းကိုသူ တွယ်ကပ်ထားပါပတ်စီ
တယောက်ထဲသော ဧကရာဇ်က အိုက်စကရိန်း ဧကရာဇ်ပါရာလေ

ဝေါလေ့စ် စတီဗင်
…………………………..

Wallace Stevens က အနောက်မော်ဒန်မှာ ဆရာတဆူ
ဗမာဆရာတိ မိတ်ဆက်စော်ကောင်းမတွိ ဆိုခါ ကိုယ့်ဘားမှာ အသိဆကေနည်းရေ

ကဗျာရေ ဆင်ခြင်ဥာဏ်နန့် ထောက်ဆစော်ကို ခုခံနိုင်ရဖို့ဆိုရေ ဝေါလေ့စ်ကဗျာကို ပြန်မိစော်က ကြိုက်လွန်းလို့ရာ
အပြည့်အဝတော့ ကိုယ့်စကားနန့် မဖမ်းဆုပ်နိုင်

အားလာကြီး က muscular one
ဆကေ ပေါ့ပါးစီချင်လို့ ယပိုင်ပြန်ကြည့်စော်
ကလေ့မေချေ ဆိုစာက မူရင်းမှာ wench
သူက မိန်းမချေလို့လေ့ပြောလို့ရပိုင် မကောင်းစော်မလို့လေ့ အဓိပ္ပါယ်ဟိပါရေ

ဖြစ်နိန်စော်ရေ…..ဖြစ်စီက Let be be finale of seem ကို အတတ်နိုင်ဆုံးပြန်ကြည့်စော်ပါ
မူရင်း စကားကိုပင် ဝေဖန်ရေးသမားတိက မတူရေ ရှုထောင့်တိက ဖွင့်ဆိုကတ်စော်တိ အင်တန်တွိပါရေ ကျနော် ခံစားမိပိုင်ပြန်မိစော်ပါ

သစ်ဖြူက dealကို ပြန်စာ တဘက်မှာ အပီးအယူ အညှိအနှိုင်းသဘောလေ့ ဟိရေ မပြည့်စုံ နွမ်းပါးရေဆိုရေသဘောလေ့ပါအောင် သစ်ဖြူလိုရာပြန်လိုက်ပါရေ အမှန်က ကျနော်ရို့ဘက်က ဆောင်းဒူသားနန့် ပိုတူဖို့

အချာဟတ်sheet က စာလုံးပေါင်း မှန်မမှန် မသေချာ

ရှင်းခြင်းနန့် သီခြင်းကို ဖွဲ့ရေကဗျာ
မူရင်းမှာ ရှင်ခြင်းကို ဖွဲ့ရေ
ပထမပိုဒ်နန့် သီခြင်းကိုဖွဲ့ရေ ဒု ပိုဒ်ကို စာကြောင်း ၈ ကြောင်းစီနန့် ဆတူဖွဲ့ပါရေ တည်ဆောက်မှုပုံစံနန့် ဆတူသဘောကို ပိုမြင်သာစီချင်ပုံရပါရေ သီခြင်း ရှင်ခြင်း ဆတူ
မိန်းမချေ ယောက်ျားချေတိနန့် ပွားလာဖို့ ရှင်ခြင်း
အသားမာတက်နီရေ အိုမင်ခြင်း အီးစက်နီရေ သီခြင်း
အတတ်နိုင်ဆုံး စကားလုံးဆတူဖြစ်အောင်တော့ ကြိုးစားကြည့်ထားပါရေ

အချိန်ရကေ ထပ်ကစပ်ကြည့်ချင်သိရေ

မြင်းဖြူ

Photo Helena Lopes

မြင်းဖြူ

လူငယ်ချေက မြင်းဖြူဘားကို လမ်းလျှောက်လို့လားရေ ဇက်ကြိုးတပ်ဖို့လို့
မြင်းဖြူက သူ့ကို တိန်းလို့ကြည့်နီရေ
သူရို့ ကောင်းတိန်းနီကတ်တေ သူရို့ အရာကမ္ဘာတခုမှာ

D H Lawrence

Robert Bly

Robert Bly ထွက်လားခရေအမှတ်တရ

တရက်သား ယိစ် Yeats ကဗျာတပုဒ်ကို ငါ လေ့လာနီစိုင် ဆုံးဖြတ်လိုက်တေ၊ကျန်ရေ ငါ့ ဘဝတလျှောက်လုံး ကဗျာရီးလီဖို့ဗျာလ်လို့ ။ ငါသိလိုက်တေ၊ ကဗျာအတိုတပုဒ်ချေမှာပင် သမိုင်းအတွက်၊ဂီတအတွက်၊စိတ်ပညာအတွက်၊ဘာသာရေးအတွေးအခေါ်အတွက်၊ စိတ်အခြေအနေအတွက်၊မမြင်သာ မှန်းဆမှုအတွက်၊စရိုက်အတွက်နန့် ကိုယ့် ကိုယ်ပိုင်ဘဝအဖြစ်အပျက်တိအတွက် နီရာဟိရေဆိုစော်ကို။
Robert Bly

ကာလနိဂုံးမှာ နီထိုင်ခြင်း

အချေရို့အသံတိမှာ ချိုမြစော်တိ အများကြီး
ရက်ကုန်ချိန်မှာ မကျေနပ်စော်တိ အများကြီး
မီးရထားတစီးဖြတ်လားခခါ စိတ်ကျေနပ်စော်တိ အများကြီး။

ကြက်ဖက ဇာလို့ ငိုချည်းငိုနီလေ
ဆင်းတိက ဇာလို့ သူရို့နှမောင်းတိကို မြောက်ချည်းမြောက်နီရလေ
ညဉ့်ခါ ဟောသွန်းက ဇာလို့ မီးရထားအသံကိုချည်း ကြားနီခလေ ငါမသိ။

အချေအလှပချေတယောက်ဆိုစော်က ဘုရားဘားကရရေ လက်ဆောင်တခု
သူငယ်ချင်းတယောက်ဆိုစော်က လက်ခုံထက်က သွီးပြန်ကြောတချောင်း
ပြီးကေ ဒဏ်ရာတခုဆိုစော်က လီဘားကရရေ အမွီတခု။

တချို့က ပြောကတ်တေ ငါရို့က ကာလနိဂုံးမှာ နီနီကတ်စော်လတ်။
ယေလေ့ ငါယုံစော်က လီကို နှစ်ခြင်းပြုဖို့အတွက်
နတ်ဆရာတထောင် နက်ဖန်ခါရောက်ဖို့။

သျှင်ယောဟန်ကို ငါရို့တခုလေ့ ပျင်နီဖို့မလို။
နှစ်ခြင်းဆရာက သူ့လက်ကို မြီထက်မှာ ကောင်းအကြာကြီးတင်ထားခလို့
ကန်ရီက မိုင်ထောင်ချီလို့ ချိုနီဗျာလ်။

ညဉ့်သန်ခေါင်တိုင်မှာ ကြက်ဖ ဇာတိပြောလေကို
ငါရို့မသိကလေ့၊ မီးရထားတစင်းဖြတ်လားခခါ
ဇာလို့ ငါရို့ ကောင်းစိတ်ကျေနပ်ကတ်လေကို မသိလေ့ အဆင်ပြေပါရေ။

Living At The End of Time Robert Bly

ေဝါေလ့ စတီဗန်စ် ၃ ၄

နွီဦးမတိုင်ခင် စိတ်ကျခြင်း

ကြက်ဖက တွန်ရေ
ယေလေ့ မိဖုရားက ထမလာ။

ငါ့ရွှေဆံပင်မချေမှာ ဆံပင်တိက
တောက်ပနီရေ၊
လီကို ​ခြည်ထိုးနီရေ
နွားလျှာရည်ပိုင်။

ဟိုး ဟို

ယေလေ့ ကီကရီးကီ ကြောင့်
ကူးကူ မပေါ်လာ။
ကူကူးကူ က မဟိ။
ယေလေ့ ကြားညှပ်ဖိနိပ်အစိမ်းနန့်
မိဖုရားက ပေါ်မလာ။

Depression Before Spring

ဘဝက အရွိ

အိုကလာဟိုးမားမှာ
ဘွင်နီနန့် ဂျိုစီ
ဖျင်ကြမ်းတိ ဝတ်ပနာ
အပင်ငုတ်တ်ိုကို ပတ်လို့ ကကတ်တေ
“အိုဟိုယားဟို
အိုဟူး …”
သူရို့အော်ကတ်တေ၊
အသွီးအသားနန့် လီနန့် သမက်တက်စော်ကို
ဂုဏ်ပြုယက်ပင်း။

Life is Motion

ဝီလျံ ကားလို့စ် ဝီလျံစ်

photo credit

နန်တာ့ကတ်

ပြတင်းကြားက ပန်းတိ
ပန်းခရမ်း နန့် အဝါ

လိုက်ကာဖြူတိကြောင့် ပြောင်းလားခ
သန့်နီစော်မှာ အနံ့အသက်

နိခင်းစောင်း နီရောင်
ဖန်ပျာလာထက်မှာ

ဖန်ကရားတလုံး
မှောက်ထားရေခွက်တခွက် ဘေးမှာ

သော့တချောင်းလဲနီရေ ပြီးကေ
ပြောင်သန့်နီရေ အိပ်ရာဖြူ

Nantucket Willam Carlos Williams

ကဗျာက ကြည်နူးမှုလေ့ ပီးရဖို့ပါ့

ေဝါေလ့ စတီဗန်စ် ၂

မျက်နှာပြင်

ငါ့ အခန်းထဲမှာ၊ ကမ္ဘာက ငါ့ နားလည်နိုင်စွမ်းအလွန်မှာ
ယေလေ့ ငါ လမ်းလျှောက်ခါ ငါ တွိလိုက်တေ၊
ကမ္ဘာက တောင်ကုန်း သုံးလေးကုန်းနန့် မိုးရိပ်တရိပ်နန့် ဖွဲ့စည်းထားရေ

ငါ့ ဗရန်ဒါကနီပနာ လီအဝါကို ငါ လေ့လာကြည့်ရေ
ငါစာရီးနီခရေ နီရာမှာ စာဖတ်ယက်ပင်းနန့်
“နွီဦးက အဝတ်ချွတ်နီရေ အလှမချေပိုင်”

ရွှေသစ်ပင်က အပြာရောင်။
အဆိုတော်က သူ့ ဝတ်ရုံကို ခေါင်းထက်ဆွဲတင်လိုက်တေ။
လဇနီက ယင်းဝတ်ရုံ ခေါက်ကြောင်းတိကြားမှာ။

Of Surface Of Things Wallace Stevens