နျူးေယာ့စကူး

နျူးယော့စကူး New York School ဆိုစော်က ၁၉၅၀ကျော် ၆၀ကျော်ကာလကစပနာ နျူးယော့မြို့မှာ နီခ၊အလုပ်လုပ်ခကတ်တေAbstractExpressionistန်းချီဆရာတိနန့် ကဗျာဆရာအုပ်စုချေလို့ အလွယ်ဆိုရဖို့ထင်ပါရေ။အဖွဲ့အစည်းတခု ဆိုစော်ထက် ပန်းချီကဗျာအသိုင်းအဝိုင်းတခုဆိုရပါဖို့။ NYSကဗျာဆရာတိက ထုကြီးရေ၊လေးနက်လွန်းရေ မော်ဒန်ကဗျာတိ High Modernism ကနီ ဖောက်ထွက်လာကတ်တေ အုပ်စုဆိုရဖို့။ဉာဏ်ကစပ်တေ၊မြို့ပြဆန်ရေ၊ စကားပြောဆန်ရေ စတိုင်တိနန့် နိစိုင်ဘဝပေါ့ပေါ့ပါးပါးတိကို အစပိုင်းမှာ များကာရီးခကတ်တေ။တယောက်နန့်တယောက်နန့် ကြားမှာ စတိုင်ကွဲကတ်စော်တိတော့ခါ ဟိရေ။သူရို့နန့် ခေတ်ပြိုင်နီးပါးဖြစ်တေ Beatတိနန့် မတူစော်က နိုင်ငံရေးနန့် အဝီးမှာနီကတ်စော်လို့ဆိုပါရေ။ သူရို့အသိုင်းအဝိုင်း ကျဥ်းကျဥ်းချေကိုအခြေခံပနာ ကဗျာတိဖွဲ့ကတ်စော်တိလေ့ ဟိရေ။ အထူးသဖြင့် Frank O' Hara ရီးရေ ကဗျာတိကိုဆိုကေ နောက်ပိုင်းမှာ Poetics of Coeterie ဆိုပနာလေ့လာကတ်တုန်းသိဆိုပါရေ။ ပထမမျိုးဆက်( Kenneth Koch၊James Schuyler၊Babara Guest၊Frank O'Hara၊John Ashbery)ကို AEပန်းချီနန့် ပြင်သစ်ကလာရေ အဟိလွန်သဘောတရား Surrealismလွှမ်းမိုးမှုတိဟိခရေလို့ ဆိုကတ်တေ။ပန်းချီဆရာတိနန့် လုံးအားကြီးရေ ကဗျာဆရာတိဖြစ်လို့ သူရို့ကဗျာတိက ပန်းချီထက်ပင် ကာလာစုံရေ အပြပိုင်းအားကောင်းရေလို့ မှတ်ချက်ပီးကတ်စော်လေ့ ဟိရေ။အထူးသဖြင့် James Schuyler Frank O Haraရို့။ အေဖက်ခေတ် အမေရိကန်ကဗျာမှာ အရေးအပါဆုံးလို့ဆိုကတ်တေ John Ashberyဆိုကေ ပန်းချီဝေဖန်ရေးသမားတယောက်လေ့ဖြစ်ပနာ သူကိုယ်တိုင်လေ့ Collage(ဖြတ်ညှပ်ကတ် စုစည်း)တိကို စာအုပ်တောင်ထုတ်ခရေ။ Kenneth Koch ကတော့ခါ ကဗျာရီးရုံထက် ကဗျာသာသနာပြန့်ပွားရေးပါ လုပ်ခရေ ဆိုရပါဖို့။ ကဗျာသဘောတရားတိရီးရေ အချေတိတောထဲဝင်ပနာ ကဗျာတိကို သင်ပီးရေ။အသက်ကြီးပြီးခါမှ ကဗျာကို ဇာပိုင်စလို့ရီးဖို့လဲ လို့စာအုပ်တိရီးခထုတ်ခရေ။ ဒုတိယမျိုးဆက် Alice Notley Ted Berrigan Ron Padgett Bill Berkson က ပေါ့ယိုင်ကျေးမှု စီးကြောင်းနန့် ဆက်စက်နီရေဆိုပါရေ။ယင်းထဲက Ron Padgettဆိုကေ အမေရိကန်ကဗျာအကယ်ဒမီမှာ ၂၀၁၃ထိ ချန်ဆလာတယောက်ဖြစ်ခရေ။ ကဗျာမှာ အခြေခံကျရေ လိုင်း line တိကို ဖြတ်တေ တန့်ရေနန့် ကစပ်တေ။ဘာသာစကားသီအိုရီသမားမဟုတ်ကေလေ့ ဘာသာစကားနန့်ပတ်သက်စော်တိ ကျနော့ကဗျာတိမှာ မကြာမကြာပါနီရေလို့ သူက ဆိုရေ။

ကဗျာဆရာတယောက်ချင်းစီနန့် သူရို့ကဗျာ ဆကေစီကို မြည်းကြည့်ဖို့ မိတ်ဆက်ပီးလားပါမေ။